တာချီလိတ်မြို့တွင် စီးပွားရေး လုပ်ငန်းများ၊ လူမှုရေးလုပ်ငန်းများစသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ငွေကြေးထုတ်ယူမှုများ၊ ငွေစုဆောင်းမှုများအပြင် ငွေကြေးလွှဲပြောင်းမှုများအတွက် အဆင်ပြေစေရန် မြန်မာ့စီးပွားရေးဘဏ် အပါအ၀င် ပုဂ္ဂလိကဘဏ်များ ဖွင့်လှစ်ထားရှိလျက်ရှိရာ ၂၀၁၄ခုနှစ်၏ နောက်ဆုံးလတွင် မြို့မ(၀မ်ကောင်း)ဈေးသစ် ဆောက်လုပ်မှုပြီးစီးသည့် အခါ၌ ဈေးကြီး၏ ဒုတိယအထပ်တွင် တာချီလိတ်မြို့၏ (၉)ခုမြောက် ဘဏ်ဖြစ်သည့် KBZ mini bank အား ဖွင့်လှစ်ထားရှိတော့မှာ ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် ကမ္ဘောဇဘဏ် လီမိတက်အနေဖြင့် တာလော့ရပ်ကွက်၌ ဘဏ်ခွဲ(၁) နှင့် မယ်ခေါင်ရပ်ကွက်တွင် ဘဏ်ခွဲ(၂)အဖြစ် ဖွင့်လှစ်ထားရှိပြီးနောက် ၂၀၁၄ခုနှစ် ဇူလိုင်လ(၂၁)ရက်နေ့က စတင်ကာ တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်အတွင်း ဘဏ်အသေးစား ဖြစ်သည့် KBZ mini bank ကို ဖွင့်လှစ်ထားရှိပြီး ၂၀၁၄ခုနှစ်၏ နောက်ဆုံး လထဲတွင် KBZ mini bank ကို ထပ်မံ၍ တိုးချဲ့ဖွင့်လှစ်တော့မှာ ဖြစ်ရာ တာချီလိတ်မြို့တွင် ကမ္ဘောဇဘဏ်ခွဲ (၂)ခု အသေးစားဘဏ်(၂)ခု စုစုပေါင်း ကမ္ဘောဇဘဏ်(၄)ခု ရှိတော့မှာဖြစ်သည်။
တာချီလိတ်မြို့နယ်အတွင်း၌ မြန်မာ့စီးပွားရေးဘဏ်၊ KBZ Bank (1)၊ KBZ Bank (2)၊ KBZ mini bank(၀ိန်းကျောက်)၊ ဧရာဝတီဘဏ်၊ AGD Bank၊ CB Bank နှင့် မြ၀တီဘဏ် စုစုပေါင်း ဘဏ်ခွဲ (၈)ခု ရှိပြီး ထပ်မံဖွင့်လှစ်မည့် KBZ mini bank(မြို့မဈေး)အပါအ၀င် ဘဏ်(၉)ခုရှိတော့မှာ ဖြစ်ကြောင်း သိရှိရသည်။
သတင်း။ ။ကိုဇောင်း