အမေရိကန်မှာ (၁၀)နှစ်အရွယ် မိန်းကလေးတစ်ဦးက ကင်ဆာဝေဒနာရှင်များအတွက် ဆံပင်ဖြတ်တောက်လှူဒါန်းရာ ဆံပင်လှူသူ တိုးပွားလာ

အမေရိကန်မှာ (၁၀)နှစ်အရွယ် မိန်းကလေးတစ်ဦးက ကင်ဆာဝေဒနာရှင်များအတွက် ဆံပင်ဖြတ်တောက်လှူဒါန်းရာ ဆံပင်လှူသူ တိုးပွားလာ
အောက်တိုဘာ 23, 2014
By Tachileik News Agency

အမေရိကန်နိုင်ငံမှာ ဂျက်တာ အမည်ရှိတဲ့ (၁၀)နှစ်အရွယ် ကလေးမလေးတစ်ဦးဟာ (၁၄)လက်မကျော် ရှည်တဲ့ သူမဆံပင်ကို ကင်ဆာဖောင်းဒေရှင်း တစ်ခုကို လှူဒါန်းခဲ့တဲ့ အကြောင်းကို ကမ္ဘာ့သတင်း မီဒီယာများက စံပြအဖြစ် ဖော်ပြထားကြပါတယ်။

( ဆံပင်မဖြတ်မီနဲ့ ဖြတ်ပြီးပုံ Photo: Foxnews )

ဂျက်တာကတော့ ကိုယ်ချင်းစာစိတ်နဲ့ သူမဆံပင်ကို ကင်ဆာဖြစ်နေတဲ့ တစ်ခြား ဆံပင်မရှိတဲ့သူတွေ အသုံးပြုနိုင်အောင် လှူဒါန်းခဲ့တာလို့ ဆိုပေမဲ့ သူမရဲ့ မိခင်ကတော့ သူ့သမီးဖြစ်သူဟာ ယောက်ျားလေး နည်းနည်းဆန်သွားပြီး ရုပ်ဆိုးသွားတယ်လို့ ပြုံးရယ်ပြီး ပြောခဲ့ပါသေးတယ်။

"တစ်ကမ္ဘာလုံးမှာရှိတဲ့ ကလေးသူငယ်တွေ ဘယ်လိုအဖြစ်ဆိုးတွေနဲ့ သေဆုံးသွားတယ်ဆိုတာ မသိပေမယ့် သူသိတဲ့လူတွေကို တစ်စုံတစ်ခု ပြုလုပ်ပေးလိုက်ရလို့ ကျေနပ်မိပြီး သူ့မိသားစုဝင်တွေထဲမှာ ကင်ဆာဖြစ်နေသူ ရှိရင်လည်း သူဒီလို လုပ်ဆောင်မှာဖြစ်ပြီး သူ့လုပ်ဆောင်ချက် မှန်တယ်လို့ ထင်တဲ့ အကြောင်းကိုလည်း ဂျက်တာက သတင်းမီဒီယာများကို ပြောဆိုသွားပါတယ်။

ဂျက်တာဟာ ဆံပင်မရှိတော့တဲ့ ကင်ဆာဝေဒနာရှင်များအတွက် ဆံပင်အလှူရှင်များကို စည်းလုံး လှုံ့ဆော်သွားဖို့ အခုဆိုရင် "Stand With Jetta"အမည်ရှိတဲ့ Facebook စာမျက်နှာ တစ်ခုကို ဖန်တီးထားပြီး ရက်ပေါင်း(၁၄)ရက်အတွင်းမှာ Like ပေါင်း 68,691 likes ရှိနေခဲ့ပါပြီ။

အခုဆိုရင် ဂျက်တာရဲ့ လုပ်ရပ်ကို တစ်ကမ္ဘာလုံးနီးပါး ပြည်သူများက ချီးကျူးသြဘာပေးနေကြပြီး သူမရဲ့ လုပ်ဆောင်ချက်များကို အားပေးနေကြတဲ့အပြင် သူ့ကိုအားကျပြီး ဆံပင်လှူတဲ့သူတွေ တိုးပွားလာတယ်လို့ သိရှိရပါတယ်။

ဘာသာပြန်။ ။ မင်းသုတ
ref : : foxnews

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~