သီရိလင်္ကာ၌ မြေပြိုမှုကြောင့် လူ(၁၀)ဦးသေဆုံးမှုဖြစ်ပေါ်ပြီး လူဦးရေ (၃၀၀)ကျော် ပျောက်ဆုံးနေ

သီရိလင်္ကာ၌ မြေပြိုမှုကြောင့် လူ(၁၀)ဦးသေဆုံးမှုဖြစ်ပေါ်ပြီး လူဦးရေ (၃၀၀)ကျော် ပျောက်ဆုံးနေ
အောက်တိုဘာ 29, 2014
By Tachileik News Agency

သီရိလင်္ကာအလယ်ပိုင်းမှာ မုတ်သုံမိုး အဆက်မပြတ် ရွာသွန်းမှုဒဏ်ကြောင့် မြေပြိုမှုဖြစ်ပွားပြီး အိမ်ခြေ(၁၄၀)ခန့် ပျက်စီးဆုံးရှုံးခဲ့ရပြီး လူအနည်းဆုံး (၁၀)ဦးခန့် သေဆုံးမှုဖြစ်ခဲ့ရသည့်အပြင် လူဦးရေ ရာနှင့်ချီ ပျောက်ဆုံးနေတဲ့ ဖြစ်စဉ်တစ်ခု ယနေ့ အောက်တိုဘာလ(၂၉)ရက် ဒေသစံတော်ချိန် နံနက်(၇း၃၀)နာရီခန့်က ဖြစ်ပွားခဲ့တယ်လို့ ဘီဘီစီ ကမ္ဘာ့သတင်း က ရေးသားဖော်ပြထားပါတယ်။

ဓါတ်ပုံ။  ။ ဘီဘီစီ

သီရိအလင်္ကာနိုင်ငံရှိ Haldummulla မြို့နဲ့ မိုင်ပေါင်း(၁၂၀)ခန့်အကွာ၊  Colomboမြို့အရှေ့ဘက်ရှိ  Badulla ခရိုင်အတွင်း မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် လူ(၁၀)ဦးခန့် သေဆုံးပြီး လူဦးရေ(၃၀၀)ခန့် ပျောက်ဆုံးနေကြောင်းနဲ့ မိုးရွာသွန်းမှုကြောင့် တောင်ပြိုကျရာမှ ရွှံ့မြေများ ပေ(၃၀)ခန့်အထိ ရွာအတွင်း ဖုံးလွှမ်းသွားခြင်းကြောင့် ဖြစ်ပေါ်ရတာဖြစ်ကြောင်းသိရပါတယ်။

ဘာသာပြန် ။  ။ မင်းသုတ
ref; bbc

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~ ကြော်ငြာ ~~~~~~~~~