ကမ္ဘာတစ်ဝန်းကို ခြိမ်းခြောက်နေတဲ့ အီဘိုလာရောဂါဟာ ကြောက်မက်စရာကောင်းနေပြီး ရောဂါကူးစက်ခံရသူ အနေနဲ့လည်း သက်ဆိုးမရှည်ဘူးလို့ သတင်းများက ထုတ်ပြန်ထားကြပြီးနောက် အီဘိုလာရောဂါ ကူးစက်ခံရမှုကနေ သက်သာ ပျောက်ကင်းသွားတဲ့ သူနာပြုဆရာမ Nina Pham ကို အမေရိကန် သမ္မတ အိုဘားမားက အောက်တိုဘာလ(၂၄)ရက်နေ့က အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံခဲ့တယ်လို့ NBC သတင်းဌာနက ရေးသား ဖော်ပြထားပါတယ်။
သူနာပြုဆရာမ Nina Phamဟာ အီဘိုလာပိုးကူးစက်ခံရတဲ့ အခြေအနေကနေ သက်သာ ပျောက်ကင်းသွားပြီးဖြစ်တဲ့ အတွက် ဆေးရုံမှ ပြန်လည် ဆင်းခွင့်ပေးခဲ့ပြီး သူမဟာ အီဘိုလာကူးစက်ခံရမှုမှ ပျောက်ကင်းအောင် ကုသနိုင်ခဲ့ပြီဖြစ်ကြောင်းကို (NIH)ကူးစက်မှုရောဂါ ရှာဖွေရေးဌာနမှအကြီးအကဲ Dr. Anthony Fauci က အတည်ပြု ပြောဆိုခဲ့ပါတယ်။
ဘာသာပြန်။ ။ မင်းသုတ
ref: nbcnews