မူးယစ်တပ်ဖွဲ့စု(၃၀)မှ လွယ်ဆမ်ဆုန်အနီး ကျပ်သိန်းပေါင်း (၃၁၉၂၀)သိန်း တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး(၆၆၅)တုံးနှင့် လက်နက်ခဲယမ်းများဖမ်းဆီးရမိ

မူးယစ်တပ်ဖွဲ့စု(၃၀)မှ လွယ်ဆမ်ဆုန်အနီး ကျပ်သိန်းပေါင်း (၃၁၉၂၀)သိန်း တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး(၆၆၅)တုံးနှင့် လက်နက်ခဲယမ်းများဖမ်းဆီးရမိ
အောက်တိုဘာ 2, 2014
By Tachileik News Agency

(၃၀-၉-၂၀၁၄)ရက်နေ့ ၁၆း၃၀နာရီ အချိန်တွင် အမှတ်(၁၄)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ အမှတ်(၁) နည်းဗျူဟာမှူးဦးစီးတပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု(၃၀)မှ တပ်ဖွဲ့ဝင်များ၊ မိုင်းဆတ် နယ်မြေခံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်-မိုင်းဆတ်သွားကားလမ်းမပေါ်၊ လွယ်ဆမ်ဆုန်တောင်အနီးတွင် မူးယစ်ဆေးဝါးများသယ်ဆောင်လာသည်ဟု သတင်းအရ ပူးပေါင်း အဖွဲ့မှ စောင့်ဆိုင်းနေစဉ် မဟုန်ကန်ရွာဘက်မှ မိုင်းဆတ်ဘက်သို့ အိုက်သန်း မောင်းနှင်ပြီး အေးလွင် (ခ)အိုက်ဆိုင်းနှင့် အိုက်စု(ခ)အိုက်နတို့ လိုက်ပါလာသည့် (၁၀)ဘီးမော်တော်ယာဉ်အား ရပ်တန့်ရှာဖွေ ရာ ယာဉ်ပေါ်တွင် ဘိလပ်မြေများတင်ဆောင်ထားပြီး ယာဉ်၏ကြမ်းခင်းအောက်တွင် အံဝှက်ပြုလုပ်၍ သိုဝှက်သယ်ဆောင်လာသော ဘိန်းဖြူဘလောက်တုံး (၆၆၅)တုံး၊ စုစုပေါင်းအလေးချိန် (၁၉၉.၅) ကီလို၊ ကာလတန်ဖိုး ကျပ်သိန်းပေါင်း(၃၁၉၂၀)သိန်း၊ ပွိုင့် ၃၈ အမျိုးအစား ပစ္စတိုသေနတ်(၂)လက်၊ ကျည်ကဒ်(၂)ခု၊ ၄င်းကျည်(၁၈)တောင့်၊ တစ်လုံးထိုးသေနတ်(၁)လက်၊ Remington ၁၂ ဗို့ကျည် (၄၅)တောင့်နှင့် နံပါတ်မပါ M 79 လောင်ချာသေနတ်(၁)လက်၊ ၄င်းကျည်(၁၀)တောင့် တို့အား သိမ်းဆည်းရမိသဖြင့် မိုင်းတွမ်းနယ်မြေရဲစခန်း မယ(ပ)၁၇/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/ ၂၂(ခ)/ ၂၁ အရ (၂-၁၀-၂၀၁၄)ရက်နေ့တွင် အရေးယူဆောင်ရွက်ထားရှိပြီး သတင်းကွင်းဆက်များ အား ပူးပေါင်းအဖွဲ့ မှ ဆက်လက် ဖေါ်ထုတ်ဆောင်ရွက်လျှက်ရှိပါသည်။

( တာချီလိတ်မူးယစ် မှ မူရင်းအတိုင်း ပြန်လည်၍ ဖော်ပြလိုက်ပါသည်။ )

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~