စည်ပင်၏ မြို့ရေပေးဝေရေး မကြာမီ ပုံမှန်အတိုင်း ပြန်လည် ပေးဝေနိုင်တော့မည်

စည်ပင်၏ မြို့ရေပေးဝေရေး မကြာမီ ပုံမှန်အတိုင်း ပြန်လည် ပေးဝေနိုင်တော့မည်
စက်တင်ဘာ 13, 2014
By Tachileik News Agency

စက်တင်ဘာလ(၆)ရက်နေ့က တာချီလိတ်မြို့အတွင်း အဆိုးရွားဆုံး ရေကြီးရေလျှံမှုဖြစ်ပေါ်မှုသည် မိုးရွာသွန်းမှုနှင့် အတူ တောင်ကျရေများကြောင့် ဖြစ်ပေါ်ခဲ့ရာ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်း ကျေးရွာအုပ်စုရှိ မြို့ရေပေးဝေရေး နမ့်ဖလောက် ရေကာတာသည်လည်း တောင်ကျရေ၏ အရှိန်အဟုန်ကြောင့် ရေလှောင်ကန်အတွင်း နုန်းမြေ အများအပြား ၀င်ရောက်မှုတို့ကြောင့် မြို့အတွင်း ရေပေးဝေရေး အခက်အခဲဖြစ်ပေါ်ခဲ့ရာ ယခုအခါ စည်ပင်သာယာရေးဌာနမှ ရေအမြန်ဆုံး ဖြန့်ဝေပေးနိုင်ရန်အတွက် ပြုပြင် ဆယ်ယူလျက်ရှိတာကို တွေ့ရှိရသည်။

မြို့တွင်း အမြန်ဆုံးရေပေးဝေနိုင်ရေးအတွက် ယနေ့ စက်တင်ဘာလ (၁၃)ရက် ညနေပိုင်းတွင် တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းသည် ရေလှောင်ကန်တည်ရှိရာ လွယ်တော်ခမ်း ကျေးရွာအုပ်စုသို့ သွားရောက်၍ ရေလှောင်ကန်အတွင်း နုန်းမြေများ ဆယ်ယူနေမှုနှင့် ရေများ သိုလှောင်ထားမှု အခြေအနေအပြင် အမြန်ဆုံး ရေပေးနိုင်ရေး အခြေအနေများကို ကြည့်ရှု စစ်ဆေးသည့်အခါ စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက ရေများအား ယနေ့ ညပိုင်းတွင် ခေတ္တပေးထားနိုင်မှာဖြစ်ပြီး သန့်ရှင်းရေးဆက်လက် လုပ်ကိုင်ရန်အတွက် စက်တင်ဘာလ(၁၄)ရက် နေ့ပိုင်းတွင် ခေတ္တနားထားကာ ညပိုင်းတွင် ယခင်လို ပုံမှန်ပြန်လည်၍ ပေးဝေနိုင်တော့မှာ ဖြစ်ကြောင်း ရှင်းလင်း၍ တင်ပြသည်။

"စည်ပင်က ရေ ဘယ်တော့လာမှာလည်း အိမ်မှာလည်း ရေသန့်တွေ ၀ယ်ပြီး ရေချိုးနေရတယ်၊ နောက်တစ်ခါဆိုရင် အမြန်ဆုံးပြီးအောင် ဆောင်ရွက်ပေးကြပါလို့ တောင်းဆိုပါရစေ၊ ကျွန်မတို့လို စည်ပင်ရေသုံးနေတဲ့ လူတွေအနေနဲ့ ရေမရင် ရေသန့်ဝယ်သုံးရတာ ကြာလာရင် အဆင်မပြေလို့ပါ"ဟု ပုန်းထွန်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးမှလည်း တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

"စည်ပင်ရေက အခုလို သဘာဝဘေးမဟုတ်လည်း တခါတလေ ရေမလာဘူး ပျက်တာတွေရှိတယ်၊ အဲ့လိုအခါမျိုးမှာ ရေမလာတာ ဘယ်လောက်ကြာမယ်ဆိုတာမျိုးတွေကို အချိန်နဲ့တပြေးညီ ပြည်သူတွေကို အသိပေးနိုင်ရင် ကောင်းမယ်လို့ အကြံပြုချင်ပါတယ်.."ဟု မြို့မရဲစခန်းအနီးရှိ အမျိုးသမီးတစ်ဦးမှလည်း အကြံပြုပြောကြားလာသည်။

သတင်း ။  ။ ကိုဇောင်း

ပုံများကိုကြည့်ရန်
စည်ပင်၏ မြို့ရေပေးဝေရေး မကြာမီ ပုံမှန်အတိုင်း ပြန်လည်...........

18 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~