၁၅၀၀ ကျပ်မှ ၁၂၀၀ ကျပ်ဖြင့်သာ ရောင်းချပေးသည့် ဖုန်းကတ်များအား တာချီလိတ်၌ အလုအယက်ဝယ်ယူ

၁၅၀၀ ကျပ်မှ ၁၂၀၀ ကျပ်ဖြင့်သာ ရောင်းချပေးသည့် ဖုန်းကတ်များအား တာချီလိတ်၌ အလုအယက်ဝယ်ယူ
စက်တင်ဘာ 5, 2014
By Tachileik News Agency

တာချီလိတ်မြို့ရှိ ဒေသခံများမှ မျှော်လင့်နေကြသည့် (၁၅၀၀)ကျပ်တန် တန်ဖိုးနည်း ဖုန်းကတ်များကို (၁၂၀၀)ကျပ်တည်းဖြင့် တာချီလိတ်မြို့၊ ရှမ်းရိုးမကွင်းရှေ့၊ ယူနီဗာဆယ်တိုက်တန်းရှိ Macaron Cafe' ဆိုင်တွင် တစ်ဦးတစ်ကတ်နှုန်းဖြင့် ရောင်းချပေးနေပြီဖြစ်ရာ ဖုန်းကတ်ဝယ်ယူသူများမှာ ဖုန်းကတ်ရောင်းချပေးနေကြောင်း သိသိချင်း တိုးကြိတ်၍ ၀ယ်ယူနေတာကို တွေ့ရသည်ဖြစ်ရာ ယခုဖော်ပြပါ ပုံများသည် ယနေ့ စက်တင်ဘာလ(၅)ရက် နေ့လည်(၁)နာရီအချိန်က မြင်ကွင်းပဲဖြစ်ပါသည်။

Macaron Cafe' မှ  (၁၅၀၀)ကျပ်တန် တန်ဖိုးနည်း ဖုန်းကတ်များကို (၁၂၀၀)ကျပ်တည်းဖြင့် ရောင်းချပေးနေမှုကို စက်တင်ဘာလ(၃)ရက်နေ့ကတည်းက ရောင်းချနေတာဖြစ်သော်လည်း ရောင်းချပေးနေကြောင်း သိရှိသူ နည်းပါးခဲ့သည်ဖြစ်သည့်နှင့်အညီ တာချီလိတ်အွန်လိုင်းအနေဖြင့် ယနေ့ စက်တင်ဘာလ(၅)ရက် နေ့လည်ပိုင်းမှ သိရှိရ၍ သတင်းရေးသားဖော်ပြမှုအပြီးမှာ အဆိုပါ ဆိုင်တွင် မှတ်ပုံတင်မိတ္တူတစ်စောင်ဆီဖြင့် တိုးကြိတ်ဝယ်ယူနေကြသည်ကို တွေ့ရှိရသည်။

ယခုလို လွတ်လပ်စွာ ၀ယ်ယူရရှိမှုအနေဖြင့် WCDMA ဖုန်းကတ် စုစုပေါင်း (၁၅၀၀)ကတ် ရရှိပြီး၊ ယခုအသုတ် ရောင်းကုန်သွားပါက ရှေ့အပတ်ထဲတွင် ဆက်လက်ချပေးသွားပါက Macaron Cafe' မှ ယခုရောင်းချနေသော ဈေးနှုန်းအတိုင်း ပြန်လည်ရောင်းချပေးသွားမှာ ဖြစ်ကြောင်း သိရှိရသည်။

ဖုန်းကတ်ရောင်းချပေးနေသည့် လိပ်စာမှာ
Macaron Cafe'
ရှမ်းရိုးမကွင်းရှေ့၊ ယူနီဗာဆယ်တိုက်တန်း၊
ဆန်ဆိုင်း(ခ)ရပ်ကွက်၊ တာချီလိတ်မြို့

သတင်း ။  ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~