နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ် အဖြစ် စတင်အကောင်အထည်ဖော်ရန်အတွက် ပြည်နယ်နှင့် တိုင်းဒေသ အသီးသီးတို့တွင် ဆောင်ရွက်နေကြသည်နှင့် အညီ မိမိတပ်ဖွဲ့များ အလိုက် အရာထမ်း/အမှုထမ်း စွမ်းရည်မြှင့်တင်ရေး သင်တန်းကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ (၁၅)ရက်မှ ယနေ့ စက်တင်ဘာလ (၁၆)ရက်နေ့အထိ ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေး ခန်းမတွင် သင်တန်းပို့ချခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ(၁၅)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် သင်တန်းဖွင့်ပွဲအား ကျင်းပပြုလုပ်ခဲ့ပြီးနောက် သင်တန်းပို့ချခြင်းများကို ပြုလုပ်ကာ သင်တန်းဆင်းပွဲအား ယနေ့ စက်တင်ဘာလ(၁၆) နံနက် (၁၀း၄၅)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ယာယီရဲမှူးကြီး ကျော်ထွန်းက အဖွင့် အမှာစကားကြားပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ အကြောင်းအရင်းနှင့် ရည်ရွယ်ချက်များကို ပြောကြားသည်။
ယင်းသင်တန်းသို့ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့ (ကျိုင်းတုံ)အတွင်းရှိ ခရိုင်/ မြို့နယ်များမှ အရာရှိတပ်ဖွဲ့ဝင်(၁၄)ဦး၊ အခြားအဆင့် တပ်ဖွဲ့ဝင်(၂၀)ဦး၊ စုစုပေါင်း(၃၄)ဦးတို့ တက်ရောက်ခဲ့ပါသည်။
နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ် အဖြစ် စတင်အကောင်အထည် ဖော်ရန်အတွက် ပြီးခဲ့သည့် ၂၀၁၄ခုနှစ် ဇူလိုင်လ(၂၈)ရက် နံနက် (၈)နာရီအချိန်က ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့၊ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့ရုံးရှိ အစည်းအဝေးခန်းမတွင် Third Wave လုပ်ငန်းစဉ်အား အကောင်အထည် ဖော်ရန်အတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီးနောက် စက်တင်ဘာလ(၁၅/၁၆)တို့တွင် ယခုလို အရာထမ်း/အမှုထမ်း စွမ်းရည်မြှင့်တင်ရေး သင်တန်းကို ပို့ချပြီးတာ ဖြစ်ကြောင်း သိရှိရသည်။