တာချီလိတ်ခရိုင်/မြို့နယ် (၂၁) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ဆုပေးပွဲ

တာချီလိတ်ခရိုင်/မြို့နယ် (၂၁) ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ဆုပေးပွဲ
စက်တင်ဘာ 23, 2014
By Tachileik News Agency

တာချီလိတ်ခရိုင်/မြို့နယ်၏ (၂၁)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမ၌ စက်တင်ဘာလ (၂၂) ရက်နေ့ နံနက်ပိုင်းမှ ညနေထိ ကျင်းပခဲ့ကြပြီး ဆုပေးပွဲအား ယနေ့ စက်တင်ဘာလ (၂၃)ရက် ည (၇) နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ တာချီလိတ်ခရိုင်အတွင်းရှိ ကျောင်းသီးသီးတို့မှ ဆုရ ကျောင်းသား၊ ကျောင်းသူးများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီးနောက် ဆုရကျောင်းသား၊ ကျောင်းသူများ အကပဒေသာများဖြင့် ကပြဖျော်ဖြေသည်။

အခမ်းအနားတွင် ပြိုင်ပွဲကျင်းပရေးကော်မတီ နာယက၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် ပြိုင်ပွဲကျင်းပရေး ကော်မတီ ဥက္ကဌ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် ပြိုင်ပွဲကျင်းပရေးကော်မတီဝင် ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများမှ ပြိုင်ပွဲတွင် ဆုများရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ကျင်းပပြုလုပ်သော အဆို၊ အက၊ အရေး အတီး ပြိုင်ပွဲတွင် လူအများစိတ်ဝင်စားကြသည့် ပြိုင်ပွဲတစ်ခုဖြစ်သည့် ကျေးလက်ရိုးရာအက (ဘုံကထိန် အက )တွင် ပထမဆု အနေဖြင့် ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ရရှိသွားပြီး ၊ ဒုတိယဆု အနေဖြင့် အ.ထ.က(တာချီလိတ်)မှ ရရှိသွားခဲ့သည်။

( ပထမဆုရ ဘုံကထိန်အက )

"ကျေးလက်ရိုးရာ ဘုံကထိန် အက က သိပ်ကြည့်လို့ကောင်းတယ်၊ ကျောင်းသား၊ ကျောင်းသူလေးတွေ ကတာ အဖွဲ့လိုက် တော်တော် တော်ကြပါတယ်၊ မြိုင်လည်းမြိုင်တယ်၊ ကြိုက်တယ်"ဟု ကျောင်းသားမိဘတစ်ဦးက ပြောလာသည်။

ပုံများကိုကြည့်ရန်
(၂၁)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ဆုပေးပွဲ

59 photos

တာချီလိတ်ခရိုင်၏ ကျေးလက်ရိုးရာ ဘုံကထိန် အက ပြိုင်ပွဲ

128 photos

တာချီလိတ်ခရိုင်/မြို့နယ် ၂၁ ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး

65 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~ ကြော်ငြာ ~~~~~~~~~