(၂၁)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တာချီလိတ်ခရိုင်အတွင်း ကျင်းပ

(၂၁)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တာချီလိတ်ခရိုင်အတွင်း ကျင်းပ
စက်တင်ဘာ 22, 2014
By Tachileik News Agency

တာချီလိတ်ခရိုင်/မြို့နယ်၏ (၂၁)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမ၌ ယနေ့ စက်တင်ဘာလ (၂၂) ရက်နေ့ နံနက်ပိုင်းမှ ညနေထိ ကျင်းပခဲ့ကြပြီး ဆုပေးပွဲအား စက်တင်ဘာလ(၂၃)ရက် ည (၇) နာရီအချိန်တွင် ကျင်းပပြုလုပ်မှာဖြစ်ကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ(၂၂)တွင် ပြုလုပ်သည့်  (၂၁)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားတွင် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး အဆိုပါ အခမ်းအနားနှင့်ပတ်သက်၍ ပြိုင်ပွဲကျင်းပရေး ကော်မတီ နာယက တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက အဖွင့်အမှာစကား ပြောကြားသည်။

ဖဲကြိုးဖြတ်ဖွင့်ပွဲအပြီးတွင် ပြိုင်ပွဲဝင်များမှ "ရွှင်လန်းပါစေ"တေးသီချင်းအကဖြင့် ဂုဏ်ပြုတင်ဆက်ပြီး အကပြိုင်ပွဲအား ဆက်လက်ကျင်းပသည်။

ယခုကျင်းပသည့် ခရိုင်အဆင့် ပြိုင်ပွဲတွင် တာချီလိတ်မြို့ အပါအ၀င် မိုင်းယောင်း၊ မိုင်းဖြတ်မြို့ရှိ အခြေခံပညာ စာသင်ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲ၏ ဆုပေးပွဲအခမ်းအနားကို စက်တင်ဘာလ(၂၃)ရက် ညပိုင်းတွင် ဆက်လက်ကျင်းပမှာ ဖြစ်ကြောင်း သိရသည်။

ပုံများကိုကြည့်ရန်
တာချီလိတ်ခရိုင်/မြို့နယ် ၂၁ ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး

65 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~