နိုင်ငံတော် ဒုတိယ သမ္မတ၏ လမ်းညွှန်ချက်ဖြင့် ကျပ်သိန်း(၁၂၀)ကျော် တန်ဖိုးရှိ ထောက်ပံ့ပစ္စည်းများပေးအပ်

နိုင်ငံတော် ဒုတိယ သမ္မတ၏ လမ်းညွှန်ချက်ဖြင့် ကျပ်သိန်း(၁၂၀)ကျော် တန်ဖိုးရှိ ထောက်ပံ့ပစ္စည်းများပေးအပ်
စက်တင်ဘာ 8, 2014
By Tachileik News Agency

၂၀၁၄ခုနှစ် စက်တင်ဘာလ(၆)ရက်နေ့ နံနက်ပိုင်းက မိုးကြီးစွာ ရွာသွန်းမှုနှင့်အတူ တောင်ကျရေများကြောင့် တာချီလိတ်မြို့ပေါ် (၉)ရပ်ကွက်တို့တွင် အဆိုးရွားဆုံး ရေကြီးမှုဖြစ်ပေါ်ခဲ့သည့် အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းမှ ပြည်သူများ၏ အခက်အခဲအား လတ်တလော ကူညီဖြေရှင်းနိုင်ရန်အတွက် လမ်းညွှန်လိုက်သည်နှင့်အညီ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ပေးအပ်ထောက်ပံ့သော ကယ်ဆယ်ရေး ထောက်ပံ့ပစ္စည်းများကို ၂၀၁၄ခုနှစ် စက်တင်ဘာလ(၇)ရက် ည(၆း၃၀)နာရီအချိန်က တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ပေးအပ်လှူဒါန်းပွဲအား ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ ထောက်ပံ့ပစ္စည်းများကို နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ လမ်းညွှန်ချက်နှင့်အညီ  ၀န်ကြီးဌာနမှ ပေးအပ်ထောက်ပံ့လိုက်သော ထောက်ပံ့ပစ္စည်းများကို ကျိုင်းတုံခရိုင်မှ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန ဦးစီးမှူး ဦးမြင့်အောင်၊ အပါအ၀င် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းထွန်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် တာဝန်ရှိသူများက ပေးအပ်ရာ မြို့မိမြို့ဖဖြစ်သူ မဏိဇောတဓရ ဦးမောင်လေး နှင့် ဦးကျော်ငြိမ်းတို့မှ ရေဘေးသင့် ပြည်သူများကိုယ်စား လက်ခံရယူခဲ့ကြသည်။

 နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ လမ်းညွှန်ချက်နှင့်အညီ ၀န်ကြီးဌာနမှ ပေးအပ်ထောက်ပံ့လိုက်သော ပစ္စည်းများမှာ ရေးဘေးသင့်  အိမ်ထောင်စုရေအတွက် (၁၀၇၉)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးအတွက် တန်ဖိုးငွေ ကျပ်(၈၃)သိန်းကျော် တန်ဖိုးရှိသည့် အစုံ(၁၀၇၉)စုံ နှင့် လူဦးရေ (၄၁၀၉)ဦးအတွက် ဆန်ရိက္ခာ (၃)ရက်စာ (၃၆၉၈၁၀၀)ကျပ် စုစုပေါင်း ကျပ်သိန်း(၁၂၀)ကျော် တန်ဖိုးရှိသည့် ထောက်ပံ့ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။

ယခုလို နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်လိုက်သော ကျပ်သိန်း(၁၂၀)ကျော် တန်ဖိုးရှိသည့် ထောက်ပံ့ပစ္စည်းများကို အဆိုးရွားဆုံး ရေကြီးမှုဒဏ်ကို ခံခဲ့ရသည့် ရပ်ကွက်များသို့ ဦးစားပေး ထောက်ပံ့ဝေငှသွားမှာ ဖြစ်ကြောင်း သိရှိရသည်။

သတင်း ။  ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~