မွေးရေ/ကျေးလက် အမှုထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း တာချီလိတ်၌ ဖွင့်လှစ်ပို့ချ

မွေးရေ/ကျေးလက် အမှုထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း တာချီလိတ်၌ ဖွင့်လှစ်ပို့ချ
စက်တင်ဘာ 20, 2014
By Tachileik News Agency

မွေမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တာချီလိတ်ခရိုင်အတွင်းရှိ အမှုထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၁၄)ဖွင့်ပွဲကို ယနေ့ စက်တင်ဘာလ(၂၀)ရက် နံနက်ပိုင်းက တာချီလိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးတွင်ပြုလုပ်သည်။

ဖွင့်ပွဲတွင် ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ထွန်းက သင်တန်း ဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာစံထွန်းဝေက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းသို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သင်တန်းသား(၈)ဦး၊ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သင်တန်းသား (၈) ဦး စုစုပေါင်း သင်တန်းသား (၁၆) ဦး တက်ရောက်ကြပြီး သင်တန်းကို စက်တင်ဘာလ(၂၂)ရက်နေ့ထိ ဖွင့်လှစ်ပို့ချသွားမှာ ဖြစ်ကြောင်း သိရှိရသည်။

သတင်း ။  ။ မောင်ဆွေငြိမ်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~