မြင့်တယ်ထင်လို့ခုန်ဆင်းတာလား ကလေးတို့ရယ်

မြင့်တယ်ထင်လို့ခုန်ဆင်းတာလား ကလေးတို့ရယ်
စက်တင်ဘာ 6, 2014
By Tachileik News Agency

၂၀၁၄ခုနှစ် စက်တင်ဘာလ(၃)ရက်နေ့ ညက လမ်းပေါ်မှာပျော်နေပြီး လေလွင့်နေတဲ့ ကလေးငယ်
နှစ်ဦးကို ခဲရာခဲဆစ် ကြိုးစားပြီး ကျွန်တော်ခေါ်လာခဲ့ပါတယ်၊ လမ်းမှန်ရောက်အောင်ပို့ပေးချင်တဲ့ ဆန္ဒနဲ့ပါ၊ ရည်ရွယ်ချက် ပျောက်နေတဲ့ ကလေးနှစ်ဦးကို လမ်းမှန်ရောက်အောင် တည့်ပေးပါသော်လည်း နေရာဟောင်းသာ ပျော်သည်ထင်ပါ့။

၂၀၁၄ခုနှစ် စက်တင်ဘာလ (၄)ရက်နေ့ ညကမိုးတွေ အရမ်းရွာနေတုန်း ထွက်ပြေးသွားတယ်၊
ညတွင်းချင်း လိုက်ရှာပါတယ် ရှာလို့မတွေ့ပါဘူး။ (၅-၉-၂၀၁၄) နံနက်ပိုင်းမှာ လိုက်ရှာနေတာ မတွေ့ရသေးပါဘူး၊ ဒါပေမဲ့ Facebook ထဲမှ သူငယ်ချင်းတစ်ယောက် သတင်းပေးလာလို့ နေရာမေးပြီး သွားကြည့်ခဲ့ပါတယ်၊ တွေ့ရပါပြီဗျာပုံထဲမှာမြင်တွေ့ရတဲ့အတိုင်းပါ၊

ဘေးကသူ့ဦးလေးတဲ့(အရက်မူးနေကြတာပါ)ပြန်မလိုက်ချင်တော့ဘူးတဲ့၊ လက်ထဲမှာလည်း ဖဲထုတ်ကိုင်ထားတယ်ဗျာ၊ ဥပေက္ခာ နှလုံးသားနဲ့ပြန်လာခဲ့ရပါတယ်၊

ကျွန်တော်ဒီကလေးတွေကို စတွေ့ရတဲ့ ညက သူတို့အိပ်ထဲမှာ ဆေးလိပ်အသစ်တစ်ဗူး တွေ့ရတယ်ကျွန်တော် ကိုယ်တိုင်ဆေးလိပ်မသောက်လို့လား မသိ၊ သူ့ဆေးလိပ်အမျိုးအစားကို မမြင်ဖူးပါဘူး၊ သူများပြောတာတော့ ဆေးလိပ်အမျိုးအစားက မြင့်တယ်တဲ့၊ သူတို့ဦးလေးအတွက် ဝယ်လာတာလို့ပြောတယ်၊ အဲဒီညက သူတို့ကို ကျွန်တော့်သူငယ်ချင်းရဲ့အိမ်အရင် ခေါ်သွားခဲ့ပါတယ်။

ကျွန်တော်တို့နဲ့ ရင်းရင်နှီးနှီးဖြစ်သွားတဲ့ အချိန်ရောက်တော့မှ သားတို့ လွတ်လွတ်လပ်လပ် နေနော်စားချင်တာစား၊ သောက်ချင်တာသောက်ဗျာ ဆေးလိပ်သောက်တတ်ရင်လည်း သောက်ကွာလို့ ပြောပေးလိုက်တယ်၊ အဲ့အချိန် ဆေးလိပ်ဗူးသွားယူပြီး သောက်ပါတော့တယ်ဗျာ၊ သူတို့ရဲ့ သရုပ်အမှန်စရိုက်တစ်ခုကို အချိန်တိုတိုအတွင်းမှာသိ လိုက်ရပါတယ်၊

နောက်တစ်ရက်ဖြစ်တဲ့ (၄-၉-၂၀၁၄)နေ့မှာ သူတို့ရဲ့ အမေကို ရှာပုံတော်ဖွင့်ရပါပြီ၊ သူတို့နဲ့ကျွန်တော် စကားပြောရတာ အားမရဘူးဗျာ၊ ရှမ်းလိုနည်းနည်း မြန်မာလိုနည်းနည်း ပြောနေရတာပါ၊ အဲဒါနဲ့ သားတို့နဲ့ စကားပြောရတာ အဆင်ပြေသွားအာင် ရှမ်းမလေး တစ်ယောက် ဘဘယူလိုက်မယ်ဗျာ ဆိုတော့ နှစ်ယောက်လုံး အားရပါးရ ရယ်မောနေပါတယ် (ကျွန်တော် အကြာင်းမဲ့ သက်သက်ပြောလိုက်တာ မဟုတ်ပါဘူး)

သူအမေနေတဲ့ နေရာက လွယ်စတုံဘက်မှာပါ လမ်းပြင်နေတာကြောင့် သွားမရတော့ပါ။
ကျွန်တော်တို့ ပြန်လှည့်လာပြီး ရွှေတိဂုံဘုရားပေါ်သွားခဲ့တယ်။ ဘုရားကုန်းတော်ပေါ်ရောက်တော့ ကားပေါ်က ဆင်းပြီး ရင်ပြင်တော်ဘက်အသွား ကလေးတစ်ယောက်မှ ဘဘလို့ လှမ်းအော်လိုက်လို့ သူတို့ကိုကြည့်လိုက်မိချိန် ဆိုင်ကယ်စီးသွားတဲ့ အမျိုးသမီးလေး နှစ်ယောက်ကို လိုက်ကြည့်နေတယ်။သားအမေလားလို့မေးလိုက်မိတယ်၊ ဘာမှ မပြောပဲ ပြေးသွားတယ် မဖြစ်နိင်ပါဘူးလို့စဉ်းစားမိလိုက်တယ်။ဆိုင်ကယ်ပေါ်က အမျိုးသမီးရဲ့ ကျောပြင်ကိုလှမ်းမြင်လိုက်ရတာ အင်္ကျီက ကျောတစ်ဝက်ပဲရှိနေတာပါ၊

ဘုရားပေါ်က ဆင်းလာပြီး ရှမ်းရိုးမကုန်တိုက်ရှေ့က ဈေးဆိုင်တန်းမှာ ခဏဝင်ထိုင်ဖြစ်တယ် အဲမှာလည်း ဒီကလေးက ခေါ်ပြန်တယ် ဘဘတဲ့ သူကြည့်တဲ့ နေရာကြည့်လိုက်တော့ ကောင်မလေးတွေ (၄/၅)ယောက် ထိုင်နေတာ သားအမေလားလို့ ပြောလိုက်မိပြန်တယ်၊

ကျွန်တော့်အသံက နည်းနည်းကျယ်သွားတယ် ကောင်မလေးတွေကလဲ လှည့်အကြည့် ဒီကောင်လေးကလည်း ကျွန်တော့်ကို မျက်စိမိတ်ပြနေပြန်တယ်၊ ဟာ ပြဿနာတော့ တက်ကုန်တော့မယ်ပေါ့၊ ဒါနဲ့ ခပ်တည်တည် သားကောင်းကောင်းနေကွာ မင်းအမေလာတော့မှာပါလို့ ပြောလိုက်ရတယ်၊

ခဏအကြာ ၀ယ်စားနေတာလေးတွေအတွက် ကျသင့်ငွေ ရှင်းပေးပြီးပြန်လာခဲ့ပါတယ်။ ဒီအရွယ်ကလေးတွေက ဒီလိုမျိုးမိန်ကလေးတွေ အကြောင်းပြောရင် သဘောကျတတ်နေပြီလား၊ ဆေးလိပ်သောက်တတ်နေတယ်၊ မိန်ကလေးကိစ္စဆိုလည်း စိတ်ဝင်စားနေပြီ၊ (၅-၉-၂၀၁၄)မှာ တွေ့ရတာကတော့ လက်ထဲမှာ ဖဲထုပ်နဲ့ ကဲဘယ်လိုလုပ်ရမလဲ စဉ်းစားကြည့်ကာ အဖြေမှန်ထုတ်ကြည့်ကြပါစို့လားဗျာ - - -။

အားလုံးကိုလေးစားလျှက်
ဦးတင့်ဆွေ
( မဇ္ဈိမ လူမှုကူညီရေးအသင်း - ဥက္ကဋ္ဌ )
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~