တာချီလိတ်မြို့ ရွှေဥတောင်ပရိယတ္တိ စာသင်တိုက်က (၂)ညကျော် ပျောက်သွားတဲ့ ကိုရင်လေးနှစ်ပါး ကျောင်းတိုက်သို့ ပြန်ရောက်ပြီ

တာချီလိတ်မြို့ ရွှေဥတောင်ပရိယတ္တိ စာသင်တိုက်က (၂)ညကျော် ပျောက်သွားတဲ့ ကိုရင်လေးနှစ်ပါး ကျောင်းတိုက်သို့ ပြန်ရောက်ပြီ
စက်တင်ဘာ 4, 2014
By Tachileik News Agency

၂၀၁၄ခုနှစ် စက်တင်ဘာလ(၁)ရက်နေ့ နေ့လည်(၂)နာရီအချိန်ခန့်က တာချီလိတ်မြို့ ရွှေဥတောင်ပရိယတ္တိ စာသင်တိုက်မှ အသက်(၁၄)နှစ်အရွယ် နှင့် အသက်(၁၃)နှစ်အရွယ်ရှိ ကိုရင်လေးနှစ်ပါးသည် ကျောင်းတိုက်မှ ထွက်ခွာသွားပြီးနောက် ကျောင်းတိုက်သို့ တစ်ည လွန်မြောက်သွားသော်လည်း ပြန်လည်ရောက်ရှိလာခြင်း မရှိသည့်အတွက် လူပျောက်သတင်းအဖြစ် တာချီလိတ်အွန်လိုင်းတွင် စက်တင်ဘာလ(၂)ရက်နေ့ ညပိုင်းက ဖော်ပြခဲ့ပြီးပါသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကိုရင်လေး နှစ်ပါးသည် ၂၀၁၄ခုနှစ် စက်တင်ဘာလ(၄)ရက်နေ့ ညနေ(၅း၃၀)နာရီ အချိန်ခန့်က ကျောင်းတိုက်တို့ ပြန်လည် ရောက်ရှိလာပြီဖြစ်ကြောင်း ရွှေဥတောင်ပရိယတ္တိစာသင်တိုက် ဆရာတော်၏ မိန့်ကြားချက်အရ သိရသည်။

ကျောင်းတိုက်မှ (၂)ညကျော် ထွက်ခွာသွားသည့် ကိုရင်လေးနှစ်ပါးသည် ငယ်ရွယ်သူများ ဖြစ်သည်နှင့်အညီ ၎င်းတို့၏ ရွာဖြစ်သော ၀မ်းတွင်းမြို့နယ် ပြည်စုံကုန်းကျေးရွာအား သတိရသည့်အတွက် ထွက်သွားတာဖြစ်ပြီး ကျောင်းတိုက်ရှိ ဆရာတော်များနှင့် သံဃာတော်များ စိုးရိမ်ပူပန်နေကြမည်စိုး၍ (၂)ညကျော် ဖြစ်သည့် စက်တင်ဘာလ(၃)ရက်နေ့ ညနေပိုင်းက ပြန်လည်ရောက်ရှိလာတာဖြစ်ကြောင်း သိရသည်။

အသက်(၁၄)နှစ်ရှိ အရှင် ကုသလ နှင့် အသက်(၁၃)နှစ်ရှိ အရှင် ဃောသိတ ကိုရင်လေး နှစ်ပါးသည် ၀မ်းတွင်းမြို့နယ် ပြည့်စုံကုန်းကျေးရွာ ဇာတိဖြစ်ပြီး ရွှေဥတောင်ပရိယတ္တိစာသင်တိုက် ဆရာတော်မှ ပရိယတ္တိစာပေများ သင်ကြားပေးနိုင်ရန်အတွက် တာချီလိတ်သို့ ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

အချို့နယ်များတွင် အခက်အခဲ ဖြစ်ပေါ်နေသော ကိုရင်လေးများ နှင့် မရှိနွမ်းပါး ကလေး သူငယ်များအား ခေါ်ဆောင်လာ၍ ပရိယတ္တိ စာပေကျမ်းဂန်များ နှင့် အတန်းပညာများ သင်ကြားပေးခြင်းတို့ဖြင့် သာသနာပြုနေသည့် ဘုန်းကြီးကျောင်းများ၊ စာသင်တိုက်များ နှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ တာချီလိတ်မြို့တွင် များစွာ ထွန်းကားနေလျက်ရှိကြောင်း သိရှိရသည်။

သတင်း ။   ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~