တာချီလိတ်မြို့ရှိ ရှေ့မီနောက်မီ သက်ကြီးရွယ်အို ဘိုးဘွားများပင်လျှင် အံ့သြတုန်လှုပ်ခဲ့ရသည့် အဆိုးရွားဆိုး ရေကြီးရေလျှံသည့် ဖြစ်စဉ်သည် ၂၀၁၄ခုနှစ် စက်တင်ဘာလ(၆)ရက်နေ့က ဖြစ်ပွားခဲ့ရာ သက်ဆိုင်ရာ ရပ်ကွက်များနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးရုံးတို့၏ စာရင်းကောက်ခံမှုအရ မြို့ပေါ်(၉)ရပ်ကွက်၌ အိမ်ထောင်စု (၁၀၇၉)စု နှင့် လူဦးရေ (၄၁၀၉)ဦးတို့ ရေဘေးသင့်ခဲ့ရပြီး ဆုံးရှုံးမှု တန်ဖိုးမှာ စုစုပေါင်း ကျပ်သိန်းပေါင်း (၉၃၄)ကျော် ရှိကြောင်း သိရှိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ကိစ္စနှင့် ပတ်သက်၍ စက်တင်ဘာလ(၆)ရက်နေ့က ပုန်းထွန်ရပ်ကွက်အတွင်း စားစရာများ ဝေငှာပေးခြင်း နှင့် စက်တင်ဘာလ(၇)ရက်နေ့တွင် ၀မ်ကောင်းရပ်ကွက်၊ ပုန်းထွန်ရပ်ကွက် နှင့် ရန်အောင်မြေ ရပ်ကွက် စသည့် ရပ်ကွက်တို့ရှိ ရေဘေးသင့် အိမ်ထောင်စု စုစုပေါင်း(၇၃၅)စု အတွက် ဆန်၊ ဆီ၊ ရေသန့်၊ ခေါက်ဆွဲခြောက် နှင့် ကြက်ဥ စသည့် ထောက်ပံ့ရိက္ခာများကို အဆိုပါ အဖွဲ့မှ လိုက်လံဝေငှခဲ့ကြသည်။
ဆက်လက်၍ ယနေ့ စက်တင်ဘာလ (၈)ရက် နေ့တွင် မကာဟိုခမ်းရပ်ကွက် နှင့် မယ်ခေါင်ရပ်ကွက်ရှိ ရေဘေးသင့် ပြည်သူများအား ရေသန့်၊ ဆန်၊ ဆီ၊ ကြက်သွန်နီ စသည့် ထောက်ပံ့ရေး ပစ္စည်းများကို ပေးအပ်ဝေငှ ထောက်ပံ့ခဲ့ကြသည်။
ထိုသို့ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ပစ္စည်းများတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ ပေးအပ်လိုက်သော ပစ္စည်းများ အပါအ၀င်ဖြစ်ပြီး ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းတို့မှ ထောက်ပံ့ပေးအပ်သော ပစ္စည်းများ နှင့် ထိုင်းနိုင်ငံ ချင်းရိုင်း၊ ချင်းမိုင် နှင့် မယ်ဆိုင်မြို့ တို့ရှိ မြန်မာနိုင်ငံသားများမှ ဖွဲ့စည်းထားသော လူမှုရေးအသင်းအဖွဲ့များမှ ဆန်အိတ်များ၊ တာချီလိတ်မြို့ပေါ်မှ လူမှုအဖွဲ့ အစည်းများနှင့် စေတနာရှင်အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုများဖြစ်သည့် ဆန်၊ ဆီ၊ ရေသန့်၊ ကြက်သွန်နီ၊ ခေါက်ဆွဲခြောက် နှင့် ကြက်ဥ စသည့် စားနပ်ရိက္ခာများကို ရေဘေးသင့် ပြည်သူများ၏ လက်ဝယ်အရောက် စနစ်တကျ စာရင်းပြုစုကာ ထောက်ပံ့လှူဒါန်းပြီး လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုနှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရသည်။
ပြည်ထောင်စုအစိုးရ နှင့် ရှမ်းပြည်နယ်အစိုးရ အပါအ၀င် စေတနာရှင်ပြည်သူများ၏ စုပေါင်း လှူဒါန်းမှုများဖြစ်သည့် စားနပ်ရိက္ခာများကို ရပ်ကွက်များအလိုက် စနစ်တကျ စာရင်းပြုစုကာ ပေးအပ် လှူဒါန်းပေးခဲ့ပြီး ဆက်လက်၍လည်း ထောက်ပံ့လှုဒါန်းသွားမှာဖြစ်ကြောင်းလည်း သိရှိရသည်။
ပုံများကိုကြည့်ရန်