ရန်ကုန်မြို့ရှိ အဆင့်မြင့်အိမ်ရာစီမံကိန်းဖြစ်သော GOLDEN CITY Project မှ အိမ်ရာစီမံကိန်းနှင့် ပတ်သက်ပြီး သရုပ်ပြရှင်းလင်းခြင်းကို သြဂုတ်လ (၃၁)ရက် ညနေ(၅)နာရီအချိန်က တာချီလိတ်မြို့ Golden Cherry Hotel တွင် ပြုလုပ်ရာ ရှင်းလင်းပွဲတွင် Project မန်နေဂျာ ဦးကျော်စည်သူက အိမ်ရာစီမံကိန်းနှင့် ပတ်သက်ပြီး အသေးစိတ် ရှင်းလင်းတင်ပြသည်။
Project စီမံကိန်းကို Golden Land Real Estate Development Company ကဆောင်ရွက်ပြီး၊ Singapore Investment Company က ဟိုတယ်၊ ရုံးခန်းများ၊ လူနေကွန်ဒိုများ အပါအ၀င် နိုင်ငံတကာအဆင့်မီ အရောင်း စင်တာများကို စင်္ကာပူနိုင်ငံမှ အရည်အသွေးအတိုင်း တာဝန်ယူ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပန်းခြံဖွဲ့စည်းပုံကို သြစတြီးယားနည်းပညာဖြင့်ဆောင်ရွက်ပြီး အဆောက်အဦမှာ အထပ်ပေါင်း (၃၃)ထပ်ရှိပြီး၊ အဆောင်(၉)ဆောင်နှင့် အခန်းပေါင်း (၁၁၀၀)ကျော်ပါဝင်ပြီး အခန်းတစ်ခန်းလျှင် အထပ်ပေါ်မူတည်ပြီး ငွေကျပ်သိန်းလေးထောင်မှ ခြောက်ထောင်အထိ ရှိကြောင်း သိရှိရသည်။
အသးစိတ်သိရှိလိုပါက Hotline +95(0)1-8605111, +95(0)1-8605222 သို့ဆက်သွယ်စုံစမ်းနိုင် ကြောင်းသိရသည်။