တာချီလိတ်မြို့မှ သာမဏေ အပါး (၃၀) သာမဏေကျော် စာမေးပွဲသို့ သွားရောက်ဖြေဆိုမည်ဖြစ်ရာ ပညာရေးနှင့် ခရီးစရိတ်န၀ကမ္မများ ပါဝင်လှူဒါန်းနိုင်

တာချီလိတ်မြို့မှ သာမဏေ အပါး (၃၀) သာမဏေကျော် စာမေးပွဲသို့ သွားရောက်ဖြေဆိုမည်ဖြစ်ရာ ပညာရေးနှင့် ခရီးစရိတ်န၀ကမ္မများ ပါဝင်လှူဒါန်းနိုင်
စက်တင်ဘာ 24, 2014
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်ကွက်ရှိ "မဟာဂန္ဓာရုံ သဒ္ဓမ္မ၀ိဟာရ သာမဏေကျော် စာသင်တိုက်"မှ စာသင် သာမဏေ အပါး(၃၀)တို့သည် တောင်ကြီးမြို့၊ ရန်ကုန်မြို့၊ မော်လမြိုင်ကျွန်းမြို့၊ မန္တလေးမြို့၊ ပခုက္ကူမြို့နှင့် တံတားဦးမြို့ရှိ စာဖြေဌာန(၆)ဌာနတို့၌ ကျင်းပမည့် သာမဏေကျော် စာမေးပွဲသို့ ဖြေဆိုသွားကြမည်ဖြစ်ရာ သာမဏေများနှင့် ကြီးကြပ်ရေးလိုက်ပါမည့် စာချဆရာတော်များနှင့် ပတ်သက်၍ ပညာရေးနှင့် ခရီးစရိတ်န၀ကမ္မအတွက် တာချီလိတ်မြို့ရှိ စေတနာရှင်များအနေဖြင့် ပါဝင်လှူဒါန်းလိုပါက  (၁၁.၁၀.၂၀၁၄) မတိုင်မီအချိန်ထိ အဆိုပါ ကျောင်းတိုက်သို့ သွားရောက်၍ဖြစ်စေ၊ အောက်ပါ ဆက်သွယ်ရန် ဖုန်းနံပါတ်များမှတဆင့် ဖြစ်စေ ပါဝင်ကုသိုလ်ယူ လှူဒါန်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။

 "မဟာဂန္ဓာရုံ သဒ္ဓမ္မ၀ိဟာရ သာမဏေကျော် စာသင်တိုက်"သာသနာနုဂ္ဂဟအဖွဲ့
ထိုင်းဖုန်း။  ။ 0835665751 ၊ 0846161406

ဦးစည်သူမောင်
မြန်မာဖုန်း။  ။ 09428221454 ထိုင်းဖုန်း ။  ။ 0860191524

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~