ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသရှိ တာချီလိတ်ခရိုင် အပါအ၀င် မိုင်းဆတ်ခရိုင် နှင့် ကျိုင်းတုံခရိုင် စုစုပေါင်း (၃)ခရိုင်တို့တွင် သဘာဝဘေး အန္တရာယ်ကြောင့် အပါအ၀င် မိုးကြီးရေလျှံ နစ်မြုပ်မှုများကြောင့် ဆုံးရှုံးသွားသော တောင်သူလယ်သမားများအတွက် တစ်ဧကနှုန်းအလိုက် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ ၂၀၁၄ခုနှစ် စက်တင်ဘာလ(၂၁)ရက် နံနက်(၉)နာရီအချိန်က တာချီလိတ်ခရိုင် အုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးမှ တက်ရောက်၍ ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးသည် တာချီလိတ်မြို့တွင်းသို့ မယ်ဆိုင်ချောင်းမှ တဆင့် ရေများအလွယ်တကူ ၀င်ရောက်မှုများကြောင့် ကာကွယ်တားဆီးနိုင်ရန် ကိစ္စရပ်များနှင့် ပတ်သက်၍ ကော်မတီဖွဲ့စည်းရေး နှင့် လိုအပ်သည့် ရန်ပုံငွေများကိုလည်း ချပေးသွားမည်ဖြစ်ကြောင်း နှင့် ထိုင်း - မြန်မာ နှစ်နိုင်ငံအကြား အဆိုပါ ချောင်းကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ရမည်ဆိုပါကလည်း တရားဝင်ဆွေးနွေး၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့ စက်တင်ဘာလ(၂၁)ရက် နံနက် (၉း၄၇)နာရီအချိန်က အခမ်းအနားအပြီး ဌာနဆိုင်ရာ အစည်းအဝေးတွင် ပြောကြားသွားသည်။