တာချီလိတ်လေဆိပ် လေယာဉ်ရပ်နားနေရာ ကွန်ကရစ် တိုးချဲ့ရန်အတွက် တင်ဒါများ စက်တင်ဘာလ(၃၀)ရက် နောက်ဆုံးထား ခေါ်ယူ

တာချီလိတ်လေဆိပ် လေယာဉ်ရပ်နားနေရာ ကွန်ကရစ် တိုးချဲ့ရန်အတွက် တင်ဒါများ စက်တင်ဘာလ(၃၀)ရက် နောက်ဆုံးထား ခေါ်ယူ
စက်တင်ဘာ 25, 2014
By Tachileik News Agency

၂၀၁၄ - ၂၀၁၅ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဆောင်ရွက်မည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ တာချီလိတ်လေဆိပ်၏ လေယာဉ် ရပ်နားနေရာ ကွန်ကရစ်ခင်းတိုးချဲ့ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို ဆောင်ရွက်ရန်အတွက် တည်ဆောက်ရေးပစ္စည်းများ လိုအပ်လျက်ရှိရာ လေယာဉ်ကွင်း တည်ဆောက်ရေး လုပ်ငန်းသုံးပစ္စည်းများ ၀ယ်ယူရေးအတွက် အိတ်ဖွင့်တင်ဒါ ( Open Tender)များကို ခေါ်ယူလျက်ရှိကြောင်း သိရသည်။

တာချီလိတ်လေဆိပ် ကွန်ကရစ်ခင်းတိုးချဲ့ခြင်း ပြုလုပ်ရာတွင်  လေယာဉ်ရပ်နားနေရာ ရေနုတ်မြောင်း (၂၇၅)ပေ တည်ဆောက်ခြင်း၊ ကျောက်ရိုးစီ မြေထိန်းနံရံ (၂၀၀)ပေ တည်ဆောက်ခြင်း၊ ကျောက်ရိုးစီ ရေဖမ်းမြောင်း (၂၀၀)ပေ တည်ဆောက်ခြင်း၊ နှင့် ကျောက်ရိုးစီရေထုတ်မြောင်း (၂၀၀၀)ပေ တည်ဆောက်ခြင်းတို့ အတွက်  ဘိလပ်မြေ၊ ခွဲကျောက်၊ Chipping ကျောက်၊ ခွဲကျောက် နှင့် သဲများအတွက် တင်ဒါများ ခေါ်ယူနေလျက်ရှိရာ ဘိလပ်မြေနှင့် ပတ်သက်၍ ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း၊ လမ်းသုတေသန ဓာတ်ခွဲခန်းများ၏ Concrete Mix Design အရ ထိုင်းနိုင်ငံထုတ် ဆင်တံဆိပ် ဘိလပ်မြေဖြစ်ရမှာ ဖြစ်ကြောင်း သိရသည်။

တင်ဒါကိစ္စနှင့် ပတ်သက်၍ တာချီလိတ်လေဆိပ်တာဝန်ခံ ဦးမိုးသူရတင်က"တင်ဒါလျှောက်လွှာတွေကို လေဆိပ်မှာ လာယူလို့ရပါတယ်၊ ၀ယ်စရာမလိုပါဘူး၊ အခမဲ့ပေးသွားမှာပါ၊ ကျွန်တော်တို့ တင်ဒါပိတ်ရက်ကိုတော့ ၃၀.၉.၂၀၁၄ မှာ သတ်မှတ်ထားပါတယ်၊ တင်ဒါဖွင့်ပွဲကို အောက်တိုဘာလ (၁)ရက်နေ့မှာ လေဆိပ်မှာပဲ အများအရှေ့မှာ ထုတ်ပြန်ကြေညာဖို့ စီစဉ်ထားပါတယ်.."ဟု တာချီလိတ်အွန်လိုင်းသို့ ဖြေကြားသည်။

တင်ဒါကိစ္စရပ်များနှင့် ပတ်သက်၍ အောက်ပါ ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့် လိပ်စာမှတဆင့် ဆက်သွယ်နိုင်မှာဖြစ်ကြောင်း သိရသည်။

လေဆိပ်တာဝန်ခံ ( တာချီလိတ်လေဆိပ် )
လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန
တာချီလိတ်မြို့။
ရုံးဖုန်း။  ။ 084-51760

သတင်း ။  ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~