အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနား တာချီလိတ်၌ ကျင်းပမည်ဖြစ်ရာ တာချီလိတ်မြို့ပေါ်ရှိ အသက်(၈၀)နှစ်အထက် ဘိုးဘွားများ ပါဝင်ကန်တော့ခံနိုင်ရန်အတွက် စာရင်းပေးသွင်းနိုင်

အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အခမ်းအနား တာချီလိတ်၌ ကျင်းပမည်ဖြစ်ရာ တာချီလိတ်မြို့ပေါ်ရှိ အသက်(၈၀)နှစ်အထက် ဘိုးဘွားများ ပါဝင်ကန်တော့ခံနိုင်ရန်အတွက် စာရင်းပေးသွင်းနိုင်
စက်တင်ဘာ 13, 2014
By Tachileik News Agency

နှစ်စဉ် အောက်တိုဘာလ(၁)ရက်နေ့တိုင်း ကျရောက်လေ့ရှိသည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အဖြစ် မြို့နယ်အသီးသီးတို့တွင် သက်ကြီးရွယ်အို အဘိုးအဘွားများအား အခမ်းအနားဖြင့် ပူဇော်ကန်တော့လေ့ရှိရာ ယခု ၂၀၁၄ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့တွင် တာချီလိတ်မြို့နယ် ဓမ္မာရုံ၌ ကျင်းပပြုလုပ်သွားမှာ ဖြစ်သည့်အတွက် တာချီလိတ်မြို့ရှိ အသက်(၈၀)နှစ်အထက် သက်ကြီးရွယ်အို အဘိုးအဘွားများ အနေဖြင့် တက်ရောက် ကန်တော့ခံနိုင်ရန်အတွက် သက်ဆိုင်ရာ ရပ်ကွက်ရုံးများ အလိုက်သော်လည်းကောင်း၊ တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ လည်းကောင်း စက်တင်ဘာလ(၂၅)ရက် နောက်ဆုံးထား၍ အမည်စာရင်းပေးသွင်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် တာချီလိတ် ဘိုးဘွားရိပ်သာမှ အဘိုးအဘွား (၂၀)ဦးခန့် အပါအ၀င် ရပ်ကွက်များရှိ အသက်(၈၀)နှစ်အထက် အဘိုးအဘွားများမှ ပါဝင်ကန်တော့ခံကြမှာဖြစ်ရာ သက်ကြီးရွယ်အို အဘိုးအဘွားများအား ပစ္စည်း၊ ငွေသားစသည်တို့ဖြင့် လှူဒါန်းကန်တော့မှာဖြစ်ပြီး နေ့လည်စာ ကျွေးမွေးခြင်း၊ ကျန်းမာရေး စောင့်ရှောက်ပေးခြင်းတို့ဖြင့် ကုသိုလ်ယူ ဆောင်ရွက်ကြမှာ ဖြစ်သည့်အတွက် တာချီလိတ်မြို့ရှိ စေတနာရှင်အလှူရှင်များ အနေဖြင့်လည်း အဆိုပါ အခမ်းအနားသို့ တက်ရောက်၍ သက်ကြီးရွယ်အို အဘိုးအဘွားများအား ပူဇော်ကန်တော့နိုင်သလို သို့တည်းမဟုတ် ပါဝင်လှူဒါန်းလိုပါလျှင် တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့လည်း အဆိုပါ အခမ်းအနားအတွက် လာရောက်လှူဒါန်းနိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~