အဆိုးရွားဆုံး တာချီလိတ် ရေကြီးမှု၏ နှစ်ရက်အလွန်

အဆိုးရွားဆုံး တာချီလိတ် ရေကြီးမှု၏ နှစ်ရက်အလွန်
စက်တင်ဘာ 8, 2014
By Tachileik News Agency

၂၀၁၄ခုနှစ် စက်တင်ဘာလ(၆)ရက်နေ့ နံနက်ပိုင်းက မိုးကြီးစွာ ရွာသွန်းမှုနှင့်အတူ တောင်ကျရေများကြောင့် တာချီလိတ်မြို့ပေါ် (၉)ရပ်ကွက်တို့တွင် အဆိုးရွားဆုံး ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် နှစ်ရက်အလွန်ဖြစ်သည့် ယနေ့ စက်တင်ဘာလ(၈)ရက်နေ့ နေ့လည်(၁၁း၄၅)နာရီ အချိန် မြင်ကွင်းများပဲဖြစ်ပါသည်။

(တာလော့ဈေးလမ်း)
( တာလော့ဈေးလမ်း )

 ယခုဖော်ပြပါ ပုံများမှာ ပုန်းထွန်ရပ်ကွက် နှင့် အမှတ်(၁)ချစ်ကြည်ရေးတံတားအနီး အပါအ၀င် တာလော့ဈေးအတွင်း နေရာအချို့တို့၏ ပုံများဖြစ်ရာ နုန်း နှင့် ရွှံ့များ တင်ကျန်နေမှုကို စည်ပင်သာယာရေးအဖွဲ့ သော်လည်းကောင်း၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များမှ သော်လည်းကောင်း၊ ကိုယ်ထူကိုယ်ထ ကိုယ့်အိမ်ကိုယ်ရှင်း ပြည်သူများ သော်လည်းကောင်း အသီးသီး မိမိတို့ တက်နိုင်သ၍ ရှင်းလင်းဆေးကြောခြင်း နှင့် ရွှံ့နွံနုန်းထုတ်များကို မော်တော်ယာဉ်များဖြင့် သယ်ယူ၍ စွန့်ပစ်နေသည်များတွေ့ရှိရသလို မိသားစုဝင် နည်းပါးသော အချို့အိမ်ခြေများနှင့် လမ်းများတွင်လည်း တင်ကျန်နေခဲ့သော ရွှံ့နွံများအား အမြန်ဆုံးရှင်းလင်း ဖယ်ရှားပေးနိုင်ရန်အတွက် အကူအညီများ လိုအပ်နေသေးကြောင်း တွေ့ရှိရသည်။

သတင်း ။  ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~