ထိုင်းနိုင်ငံ ရပ်ကွက်အုပ်စု သူကြီးများနေ့ အဖြစ် ထိုင်း-မြန်မာ အမှတ်(၁)တံတားအား လာရောက်သန့်ရှင်းသွား

ထိုင်းနိုင်ငံ ရပ်ကွက်အုပ်စု သူကြီးများနေ့ အဖြစ် ထိုင်း-မြန်မာ အမှတ်(၁)တံတားအား လာရောက်သန့်ရှင်းသွား
သြဂုတ် 8, 2014
By Tachileik News Agency

ယနေ့ သြဂုတ်လ(၈)ရက်နေ့သည် ထိုင်းနိုင်ငံရှိ ရပ်ကွက်အုပ်စုများ၏ သူကြီးများနေ့ အဖြစ်နှင့် သြဂုတ်လ(၁၂)ရက်နေ့သည် ထိုင်းနိုင်ငံဘုရင်မကြီး၏ သက်တော်(၈၄)နှစ်ပြည့် မွေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ မွန်းလွဲ(၁)နာရီအချိန်က ထိုင်း - မြန်မာ အမှတ်(၁)ချစ်ကြည်ရေး တံတားပေါ်တွင် မယ်ဆိုင်မြို့နယ်အတွင်းမှ ရပ်ကွက်အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာ ၀န်ထမ်းများမှာ လာရောက်၍ တံတားပေါ် ဆေးကြောသန့်ရှင်းရေးများ လာရောက်ပြုလုပ်သွားကြောင်း သိရသည်။

ထိုသို့ ပြုလုပ်ရာတွင် မယ်ဆိုင်မြို့နယ်အတွင်းမှ ရပ်ကွက်အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာဝန်ထမ်း စုစုပေါင်း အင်အား(၄၀၀)ခန့်တို့သည် မယ်ဆိုင်မြို့မှ မီးသတ်ယာဉ်နှစ်စီးဖြင့် ဆေးကြောသန့်ရှင်းရေးများ ဆောင်ရွက်ခြင်းနှင့် တံတားသံဘောင်၊ သံတိုင် နှင့် ပလက်ဖောင်းများအား ဆေးသုတ်ခြင်း အပြင် တံတားပေါ်ရှိ ထိုင်းနိုင်ငံတော် အလံသစ်များအား အသစ်လဲလှယ်တပ်ဆင်ခြင်းများကို တက်တက်ကြွကြွ ဆောင်ရွက်သွားကြောင်း သိရှိရသည်။

ဓါတ်ပုံ/သတင်း။   ။ စည်သူ
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~