ကျပ်သိန်းပေါင်း ၂၆၇၄.၅သိန်း တန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့် ကဖင်းများ မိုင်းဆတ်၌ သိမ်းဆည်းရမိ

ကျပ်သိန်းပေါင်း ၂၆၇၄.၅သိန်း တန်ဖိုးရှိ စိတ်ကြွဆေးပြားများနှင့် ကဖင်းများ မိုင်းဆတ်၌ သိမ်းဆည်းရမိ
သြဂုတ် 24, 2014
By Tachileik News Agency

လတ်တလောကာလများတွင် အထူးစီမံချက်တစ်ရပ်အနေဖြင့် နယ်မြေရှင်းလင်းမှုများကို မိုင်းဆတ်ခရိုင် အတွင်းရှိ ပူနားကို နှင့် မယ်ကြုတ်နယ်မြေအတွင်း မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ တပ်မတော် နှင့် မူးယစ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ရှာဖွေကြရာ မူးယစ်ဆေးဝါးများ နှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို တောအတွင်း၌ အဆက်မပြတ် ရှာဖွေသိမ်းဆည်းရမိကြောင်းနှင့် သြဂုတ်လ(၂၃)ရက်နေ့က မူးယစ်ဆေးဝါးများကို ထပ်မံရှာဖွေတွေ့ရှိ သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ သြဂုတ်လ(၂၃)ရက် ညနေ(၄)နာရီခန့်က အမှတ် (၄၉)ခြေလျင်တပ်ရင်းနှင့် မူးယစ်တပ်ဖွဲ့စု (၂၉)မိုင်းဆတ်၊ မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မိုင်းဆတ်ခရိုင်၊ စတုံးအုပ်စု၊ မယ်ကြုတ်နယ်မြေအတွင်း နယ်မြေရှင်းလင်းစဉ် တောင်စောင်းတစ်နေရာ၌ ကျင်းတူး၍ မြှုပ်ထားသော စိတ်ကြွဆေးပြား (၁၀၅၆၀၀) ပြားနှင့် ကဖင်း (၄၆) ကီလို တို့အား ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရရှိကြောင်း သိရသည်။

ထိုသို့ ရှာဖွေသိမ်းဆည်းရရှိသော မူးယစ်ဆေးဝါးများ၏ ကာလတန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း (၂၆၇၄.၅) သိန်း တန်ဖိုးရှိပြီး မိုင်းတွမ်းနယ်မြေရဲစခန်းတွင် မယ (ပ) ၁၅/၂၀၁၄၊ မူး/စိတ် ပုဒ်မ ၁၉(က)/၁၆(ခ) အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~