စံပြမိခင်ပြိုင်ပွဲ တာချီလိတ်၌ပြုလုပ်ရာ ပြိုင်ပွဲဝင် မိခင် (၂၇)ဦးရှိ

စံပြမိခင်ပြိုင်ပွဲ တာချီလိတ်၌ပြုလုပ်ရာ ပြိုင်ပွဲဝင် မိခင် (၂၇)ဦးရှိ
သြဂုတ် 25, 2014
By Tachileik News Agency

ကလေးသူငယ် အာဟာရဖွံ့ဖြိုးမှု ရက်သတ္တပတ်လှုပ်ရှားမှု၏ "စံပြမိခင်ပြိုင်ပွဲ"ကို ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ တာချီလိတ်မြို့ရှိ ပြည်သူ့ဆေးရုံတွင် ယနေ့ ၂၀၁၄ခုနှစ် သြဂုတ်လ(၂၅)ရက် နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ရာ ပြိုင်ပွဲဝင် မိခင်(၂၇)ဦးရှိကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် တာချီလိတ်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန့် နှင့် တာချီလိတ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်အေးသန္တာကျော် နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ နှင့် ကလေးအထူးကုဆရာဝန် ဒေါက်တာ မိုးကျော် နှင့် လက်ထောက်ဆရာဝန် ဒေါက်တာ နန်းခင်သန္တာအောင်တို့ တက်ရောက်လာခဲ့ကြသည်။

ကလေးသူငယ် အာဟာရဖွံ့ဖြိုးမှု ရက်သတ္တပတ်လှုပ်ရှားမှု၏ "စံပြမိခင်ပြိုင်ပွဲ"ကို မိခင်များနှင့်အတူ ပါရှိသည့် ကလေးသူငယ်များအား ကလေးအထူးကုဆရာဝန် ဒေါက်တာ မိုးကျော်နှင့် ကျန်းမာရေး စောင့်ရှောက်ရေးအဖွဲ့မှ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပေးရာ ခရိုင်/မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့တို့မှ အနီးကပ်ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍  "စံပြမိခင်ပြိုင်ပွဲ"ကို ၀င်ရောက်ယှဉ်ပြိုင်သည့် မိခင် (၂၇)ဦးထဲမှ ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိကြသည့် မိခင်(၄)ဦးကို တာချီလိတ်ခရိုင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန့်၊ တာချီလိတ်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်အေးသန္တာကျော်၊  ကလေးအထူးကု ဆရာဝန် ဒေါက်တာ မိုးကျော် နှင့် လက်ထောက်ဆရာဝန် ဒေါက်တာ နန်းခင်သန္တာအောင်တို့မှ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပြိုင်ပွဲဝင်သည့် မိခင်များအား ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့မှ အာဟာရအဖြစ် ကွေကာအုပ် နှင့် ခေါက်ဆွဲခြောက်ထုပ်များကို ဝေငှခဲ့ကြကြောင်း သိရသည်။

ခရိုင်/မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့တို့သည့် ဆက်လက်၍ တာချီလိတ်မြို့နယ် ၀မ်ကောင်းရပ်ကွက် အတွင်းရှိ ဘိုးဘွားရိပ်သာသို့ သွားရောက်ကာ သက်ကြီးရွယ်အို အဖိုးအဖွားများအား နေ့လည်စာဖြင့် အနီးကပ် ကျွေးမွေးဧည့်ခံ လှူဒါန်းခဲ့ကြကြောင်းလည်း သိရှိရသည်။

သတင်း။   ။ကိုဇောင်း
ဓါတ်ပုံ။  ။ ဇောင်းညီ
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~