တောတွင်းတိရိစ္ဆာန်များမှ တဆင့်ကူးစက်လာပြီး လူ့ခန္ဓာကိုယ်ထဲသို့ ကူးစက်သွားပါက အသက်ဆုံးရှုံးဖို့ အနည်းဆုံး (၅၀)ရာခိုင်နှုန်းနဲ့ အမြင့်ဆုံး (၉၀) ရာခိုင်နှုန်းထိရှိတဲ့ အီဘိုလာရောဂါဟာ အင်မတန်ကြောက်စရာ ကောင်းတာပါ။
အီဘိုလာ ရောဂါ ကူးစက်ခံရတဲ့ လူနာ အယောက်တစ်ရာကျော်ကို ကုသပေးခဲ့တဲ့ဆရာဝန် Sheik Umar Khan ဟာ အီဘိုလာ ရောဂါ ကူးစက်ခံရပြီး ကွယ်လွန်သွားခဲ့တယ်လို့လည်း သိရပါတယ်။
အီဘိုလာရောဂါဟာ အခုဆိုရင် ကမ္ဘာတစ်လွှားကို အကြီးမားဆုံးခြောက်လန့်မှုအသွင်နဲ့ ကြီးဆိုးနေပါတယ်။
အခုဖော်ပြပါ ကျန်းမာရေးပညာပေး ဗီဒီယိုကတော့ အီဘိုလာရောဂါ ဖြစ်ပေါ်လာပုံ နဲ့ ကူးစက်မှုဖြစ်ပွားပုံအပြင် ရောဂါလက္ခဏာများကို ThairathTV ရုပ်သံတစ်ခု က တင်ဆက်ပေးထားတာကို မြန်မာနိုင်ငံသားများ သိရှိနိုင်ရန်အတွက် တာချီလိတ်အွန်လိုင်းမှ တဆင့်ပြန်လည်ပြီး ဖော်ပြပေးလိုက်ပါတယ်။
VIDEO News Thank to : ThairathTV