ကညနမှ နယ်လှည့် ပုံမှန် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးပေးခြင်းအဖြစ် သြဂုတ်လအတွင်း (၂၇)မြို့တွင် ဆောင်ရွက်မည်

ကညနမှ နယ်လှည့် ပုံမှန် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးပေးခြင်းအဖြစ် သြဂုတ်လအတွင်း (၂၇)မြို့တွင် ဆောင်ရွက်မည်
သြဂုတ် 1, 2014
By Tachileik News Agency

ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ပုံမှန် နယ်လှည့်လုပ်ငန်းစဉ်အဖြစ် ၂၀၁၄ခုနှစ် သြဂုတ်လအတွင်း ဖော်ပြပါ မြို့နယ်များသို့ နယ်လှည့်ပြီး မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

( ဆောင်ရွက်ပေးမည့် မြို့နယ်များ )

"သူတို့ဘက်က လာမယ်ဆိုရင် သွားလာစရိတ်တွေကုန်မယ်၊ ဝေးလည်းဝေးတယ်၊ အဲ့ဒီအတွက် သူတို့အနေနဲ့ လမ်းစရိတ်လည်း မကုန်အောင် အားလုံးအဆင်ပြေအောင်လို့ ကျွန်တော်တို့ဘက် ကနေပြီး ပုံမှန် (၁)လတစ်ကြိမ်၊ (၂)လတစ်ကြိမ် သွားရောက်ပြီးတော့ ဆောင်ရွက်ပေးတာပါ"ဟု တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ရှင်းပြသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် တာချီလိတ်ခရိုင်အနေဖြင့် တာလေမြို့ခွဲ အပါဝင်ဖြစ်ပြီး မိုင်းတုံ နှင့် မိုင်းဆတ်မြို့များကို ကျိုင်းတုံ ကညနမှ သွားရောက်၍ ဆောင်ရွက်ပေးမှာဖြစ်ကြောင်း သိရသည်။

သတင်း။   ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~