တာချီလိတ်မြို့ နမ့်ယွန်းချောင်းကို ခွ၍ ပျံကျဈေးဆောက်မည့် အစီအစဉ် ရုတ်သိမ်း

တာချီလိတ်မြို့ နမ့်ယွန်းချောင်းကို ခွ၍ ပျံကျဈေးဆောက်မည့် အစီအစဉ် ရုတ်သိမ်း
ဇူလိုင် 1, 2014
By Tachileik News Agency

တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက် နှင့် ၀မ်ကောင်းရပ်ကွက်ကြား၌ ဖြတ်သန်းစီးဆင်းနေသော နမ့်ယွန်းချောင်းသည် မိုးတွင်းအချိန်အခါတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိသည့်အတွက် တာချီလိတ်ဒေသခံများမှ စိုးရိမ်မှုများရှိရာ အဆိုပါ နမ့်ယွန်းချောင်း၏ အကွာတွင် ၀မ်ကောင်း မြို့မဈေးသစ်ကို ဆောက်လုပ်နေရာ လိုအပ်နေသော ပျံကျဈေးဆိုင်ခန်းနေရာများအတွက် သက်ဆိုင်ရာမှ နမ့်ယွန်းချောင်းကို ခွ၍ ပျံကျဈေးခန်းများ ဆောက်လုပ်ရန်စီစဉ်နေမှုကို ယနေ့ ၂၀၁၄ခုနှစ် ဇူလိုင်လ(၁)ရက် နံနက်ပိုင်းစ၍ ကျောက်တုံး ကျောက်ခဲကြီးများကို ပြန်လည်ဆယ်ယူ၍ အစီအစဉ်အား ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

( ၁.၇.၂၀၁၄နေ့တွင် ကျောက်တုံးများ ပြန်ဆယ်နေပုံ )
( ၁.၇.၂၀၁၄နေ့တွင် ကျောက်တုံးများ ပြန်ဆယ်နေပုံ )

အဆိုပါနေရာတွင် ပျံကျဈေးခန်းများ ဆောက်လုပ်ရန်အတွက် နမ့်ယွန်းချောင်းအတွင်းသို့ ကျောက်တုံး ကျောက်ခဲကြီးများ ချထားမှုနှင့် ပတ်သက်၍ ၂၀၁၄ခုနှစ် ဇွန်လ (၂)ရက်နေ့မှစ၍ မဟာမြတ်မုနိကျောင်းတိုက် ဆရာတော်ဘုရားကြီး အပါအ၀င် တာချီလိတ်ဒေသခံများမှ ကန့်ကွက်ထားကြသည့် အတွက် ချောင်းအတွင်း လုပ်ငန်းဆောင်ရွက်မှုကို ရပ်ဆိုင်းထားပြီးနောက် ယနေ့ ဇူလိုင်လ(၁)ရက်နေ့မှာ ကျောက်တုံး ကျောက်ခဲကြီးများကို ပြန်လည် ဆယ်ယူနေတာကို တွေ့ရှိရသည်။

( ၂.၆.၂၀၁၄ ရက်နေ့က နမ့်ယွန်းချောင်းအတွင်း ကျာက်ကြီးများ ဘယ်ညာ ထည့်ထားပုံ )

ဝမ်ကောင်းမြို့မဈေးအတွက် ပျံကျနေရာများကို ယခင် သတ်မှတ်ထားသည့် နေရာဖြစ်သော နမ့်ယွန်းချောင်းပေါ်တွင် ဆောက်လုပ်မည့် အစီအစဉ်အား လုံးဝ ရွှေ့လိုက်ပြီဖြစ်ကြောင်းနှင့် ဆိုင်ခန်းအတွက် နေရာသစ်ကို စည်ပင်သာယာရေးအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်းကို ၀မ်ကောင်းမြို့မဈေးသစ်အား အသစ်ပြန်လည်ဆောက်လုပ်ခွင့်ရရှိထားသည့် "မင်းခေတ်သစ်" ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူ၏ ပြောပြချက်အရ သိရှိရသည်။

( ၁.၇.၂၀၁၄နေ့တွင် ကျောက်တုံးများ ပြန်ဆယ်နေပုံ )

"မနက်ကတော့ ကြည့်နေတာ ပျံကျဈေးဆောက်မို့ လုပ်ငန်းပြန်စနေတယ်လို့ ထင်နေတာ၊ တော်သေးတာပေါ့ဗျာ၊  အဲ့လိုမဟုတ်ပဲ ဒီနေရာမှာ ချောင်းကို ခွပြီး ပျံကျဈေး ဆက်ဆောက်မယ်ဆိုရင်တော့ ကျွန်တော်တို့က ဆက်ကန့်ကွက်နေဦးမှာပဲ၊ အခုလို ရွှေ့လိုက်ပြီးဆိုတော့ ကျေးဇူးတင်ပါတယ်"ဟု နမ့်ယွန်းချောင်းဘေးရှိ ဈေးသည်တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

သတင်း။  ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~