ဝက်သားပေါက်များအား တာလေမြို့နယ် ပါဟုတ်ကျေးရွာသို့ အခမဲ့ဖြန့်ဖြူး

ဝက်သားပေါက်များအား တာလေမြို့နယ် ပါဟုတ်ကျေးရွာသို့ အခမဲ့ဖြန့်ဖြူး
ဇူလိုင် 21, 2014
By Tachileik News Agency

တာချီလိတ်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် တာချီလိတ်မြို့ ကျောက်စိမ်းကန် မွေးမြူရေးခြံမှ မွေးမြူရေးလုပ်ငန်းရှင် ဒေါ်နီနီစိုး မှ တာလေမြို့နယ် ပါဟုတ်ကျေးရွာ သို့ ၀က်သားပေါက်(၂၅)ကောင်နှင့် မွေးမြူရေးအစားအစာ (၁၀)အိတ်တို့ကို ဇူလိုင်လ (၂၀) ရက် နံနက်ပိုင်းက အခမဲ့ဖြန့်ဖြူးပေးအပ်သည်။

အဆိုပါ အခမဲ့ဖြန့်ဖြူးပေးအပ်မှုတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ပေးမှုတို့ကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစံထွန်းဝေ၊မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ အတွင်းရေးမှူး ဦးကျော်ငြိမ်း၊ နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆုရှင် မွေးမြူရေးလုပ်ငန်းရှင် ဒေါ်နီနီစိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၀က်သားပေါက်များပေးအပ်ရာ ကျေးရွာတာဝန်ရှိသူတို့ကလက်ခံရရယူပြီးနောက် ဆက်လက်၍ မွေးမြူရေးလုပ်ငန်းရှင် ဒေါ်နီနီစိုး အား ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။

 အဆိုပါကျေး ရွာသို့ အခမဲ့ဖြန့်ဖြူးပေးသော ၀က်သားပေါက်များနှင့်အစာအိတ်တန်ဖိုးမှာ ငွေကျပ် ၂၄ သိန်းဖြစ်ကြောင်း သိရှိရသည်။

သတင်း။  ။ မောင်ဆွေငြိမ်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~