အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေးကွန်ရက်မှ ၂၀၁၄ - ၂၀၁၅ အခြေခံပညာအဆင့် / တက္ကသိုလ်တက်မည့် ပညာသင်စရိတ် အခက်အခဲရှိသူများအတွက် ပညာသင်ဆုထောက်ပံ့ခြင်းအဖြစ် လျှောက်လွှာခေါ်ယူမှုကို ဇူလိုင်လ(၃၁)ရက်နေ့ထိ ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရုံးများတွင် စာရင်းပေးလျှောက်ထားနိုင်မှာ ဖြစ်ကြောင်း သိရသည်။
ပညာသင်ဆုထောက်ပံ့မှုနှင့် ပတ်သက်၍ လျှောက်ထားလိုသူများအနေဖြင့် လိုအပ်ချက်များမှာ တက်ရောက်နေသော ကျောင်း/တက္ကသိုလ်/ကောလိပ်/သိပ္ပံ၏ ပညာသင်နှစ် ကျောင်းသူ၊ ကျောင်းသား ဖြစ်ကြောင်း ထောက်ခံစာ နှင့် ကျောင်းသားကဒ် မိတ္တူ(ရှိလျှင်)၊ မှတ်ပုံတင်မိတ္တူ၊ မိမိနေထိုင်သော ဒေသရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မြို့နယ်အလုပ်အမှုဆောင်(သို့)ပညာဒါနကျောင်း ကော်မတီ၏ ရုံးတံဆိပ်၊ နေ့စွဲ၊ စာအမှတ်၊ ထောက်ခံပေးသူ၏ လက်မှတ်နှင့် အမည်ပြည့်စုံစွာ ဖော်ပြထားသော ထောက်ခံစာ မူရင်း တို့ကို လိုအပ်မှာဖြစ်ပြီး အခြားအဖွဲ့အစည်းများက ပေးသော ပညာသင်ထောက်ပံ့ကြေး(လုံးဝ) ရယူခြင်းမရှိကြောင်း ကိုယ်တိုင်ဝန်ခံချက် လိုကြောင်းအပြင် အဝေးသင်တက္ကသိုလ်တက်ရောက်သူများကို ပညာသင်ဆုအဖြစ် ထောက်ပံ့မှာ မဟုတ်ကြောင်းလည်း သိရသည်။
အဆိုပါ ပညာသင်ဆုလျှောက်ထားခြင်းနှင့် ပတ်သက်၍ တာချီလိတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် စုံစမ်း၍ လျှောက်ထားနိုင်မှာ ဖြစ်ကြောင်းနှင့် အောက်ပါ ဆက်သွယ်ရန် ဖုန်းနံပါတ်မှလည်း မေးမြန်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( တာချီလိတ်မြို့ )
ဦးစိုင်းလုံစံခတ် ( မြို့နယ် ဒုတိယ ဥက္ကဌ )
- မြန်မာဖုန်း။ ။ 09-250950223
- ထိုင်းဖုန်း။ ။ 083-9083730
ဦးခင်မောင်တင့် ( အတွင်းရေးမှူး )
- မြန်မာဖုန်း ။ ။ 09-458033337
- ထိုင်းဖုန်း။ ။ 080-4944498