အခြေခံပညာကဏ္ဍ အဖြစ် မိုင်းဖြတ်ခရိုင်စု ၂၀၁၄ခုနှစ် ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ တာချီလိတ်၌ ကျင်းပ

အခြေခံပညာကဏ္ဍ အဖြစ် မိုင်းဖြတ်ခရိုင်စု ၂၀၁၄ခုနှစ် ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ တာချီလိတ်၌ ကျင်းပ
ဇူလိုင် 27, 2014
By Tachileik News Agency

တာချီလိတ်မြို့ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)ရှိ ခန်းမတွင် ယနေ့ ဇူလိုင်လ(၂၇)ရက် နံနက်(၉)နာရီ အချိန်ကမိုင်းဖြတ်ခရိုင်စု ၂၀၁၄ ခုနှစ် ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ(အခြေခံပညာကဏ္ဍ)ကို ကျင်းပပြုလုပ်ရာ မိုင်းဖြတ်ခရိုင်စုတွင် ပါဝင်သော တာချီလိတ်မြို့နယ်၊ မိုင်းဖြတ်မြို့နယ်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းတုံမြို့နယ်၊ မိုင်းဆတ်မြို့နယ်များမှ မြို့နယ်ပညာရေးမှူးများ၊ ထက်လယ်မူ ကျောင်းအုပ်ကြီးများနှင့် ကိုယ်စားလှယ်ပညာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဒေါ်သက်ထားမှ အဖွင့်အမှာစကား ပြောကြားပြီးနောက် ဆွေးနွေးပွဲတွင် အခြေခံပညာအရည်အသွေး မြင့်မားရေးဆိုင်ရာများအား ရှမ်းပြည်နယ်
ပညာရေး ညွှန်ကြားရေးမှူးရုံး(ခွဲ)ကျိုင်းတုံမှ လက်ထောက်ညွှန်ကြားရေးမှူး (ကွန်ပျူတာ)ဦးမြင့်အောင်က
လည်းကောင်း၊ ဆရာ့အတတ်ပညာမြင့်မားရေးဆိုင်ရာများအား တာချီလိတ်မြို့နယ်ပညာရေးမှူး
ဦးစိန်ထွန်းလှက လည်းကောင်း ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေးဆိုင်ရာများအား
ကျိုင်းတုံမြို့နယ် အလက(၅)ထခွဲ မှကျောင်းအုပ်ကြီး ဦးလှမျိုးက လည်းကောင်း၊ ရန်ကုန်တက္ကသိုလ်
စိန်ရတုခန်းမတွင် အရေးကြီးသည့် လမ်းညွှန်ဆွေးနွေးချက်ဆိုင်ရာ စာတမ်းများအား ခရိုင်ပညာရေးမှူး
ဒေါ်သက်ထားက လည်းကောင်း အသီးသီး စာတမ်းဆိုင်ရာဖတ်ကြားခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ပြီး ညနေ(၃)နာရီတွင် အခမ်းအနားအား ပြီးမြောက်ခဲ့ကြောင်း သိရှိရသည်။

သတင်း ။   ။ မြတ်မျိုးမြင့်မာန်
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~