မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီမှ လုပ်ငန်းညှိနှိုင်း စည်းဝေး

မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီမှ လုပ်ငန်းညှိနှိုင်း စည်းဝေး
ဇွန် 3, 2014
By Tachileik News Agency
   လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ရှမ်းပြည်နယ်
(အရှေ့ပိုင်း) တွဲဖက်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် World Vision(တာချီလိတ်)တို့၏
ပူးပေါင်းစီစဉ်မှုဖြင့် တာချီလိတ်မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ 
လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ယနေ့ ဇွန်လ (၃)ရက် နံနက် (၉)နာရီအချိန်က တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ရှေးဦးစွာမြို့နယ်
ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးမှ
အဖွင့်အမှာ စကားပြောကြားသည်။
       ထို့နောက်တွဲဖက်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှူး ဦးကျော်သူနိုင်မှ လူမှုဝန်ထမ်း ဦးစီးဌာန၏ ဆောင်ရွက်ချက်များ ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ အားလည်းကောင်း၊
World Vision (တာချီလိတ်)တာဝန်ခံ ဒေါ်နန်းခမ်းခေါင် မှ ကလေးသူငယ်များပြုစုပျိုးထောင်မှု ၊ ပညာရေး-ကျန်းမာရေးနှင့် သဘာဝပါတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်
မှုအခြေအနေများအား ရှင်းလင်းတင်ပြပါသည်။
       ယင်းနောက် တက်ရောက်လာကြသော ကော်မတီဝင်များမှ ကလေးသူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် အခွင့်အရေးဆိုင်ရာများအား အကျယ်တ၀င့် ဆွေးနွေးညှိနှိုင်း
ကြကာ ဆွေးနွေးပွဲအား နံနက် (၁၁) နာရီအချိန်တွင် ရုပ်သိမ်းလိုက်ကြောင်း သိရှိရသည်။
သတင်း။   ။ မောင်ယဉ်ကျေး
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~