ရွှေတာချီခရီးသွားလုပ်ငန်းမှ စာသင်ကျောင်း ၈ ကျောင်းသို့ တာရာအမှိုက်ပုံး အလုံး ၄၀ လှူဒါန်း

ရွှေတာချီခရီးသွားလုပ်ငန်းမှ စာသင်ကျောင်း ၈ ကျောင်းသို့ တာရာအမှိုက်ပုံး အလုံး ၄၀ လှူဒါန်း
ဇွန် 24, 2014
By Tachileik News Agency

အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက ဆိုသည့်အတိုင်း လူသားတို့၏ စည်းကမ်းများစွာထဲမှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလည်းဖြစ် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးလည်းဖြစ်သည့် အမှိုက်ကိစ္စများနှင့် ပတ်သက်၍ တာချီလိတ်မြို့ ရွှေတာချီခရီးသွားလုပ်ငန်းမှ တာရာအမှိုက်ပုံး ပုံး(၄၀)ကို  မြို့ပေါ် စာသင်ကျောင်း (၈)ကျောင်း၌ ယနေ့ ၂၀၁၄ခုနှစ် ဇွန်လ(၂၄)ရက် နံနက်ပိုင်းက အသီးသီးပေးအပ် လှူဒါန်းခဲ့ကြသည်။

အဆိုပါ လှူဒါန်းမှုတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း နှင့် ရွှေတာချီခရီးသွား လုပ်ငန်း၏ ဥက္ကဌ (မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ) ဦးစိုင်းကျော်ဇံ နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဝင် ဦးထိန်မင်း၊ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကို အပါအ၀င် ရွှေတာချီခရီးသွားလုပ်ငန်းမှ ဒုတိယဥက္ကဌ ဦးဘိုစံ နှင့် ရွှေတာချီခရီးသွားလုပ်ငန်း အလုပ်အမှုဆောင်အဖွဲ့ဝင်များ နှင့် အသင်းသားများမှ မြို့ပေါ်ကျောင်း (၈)ကျောင်း၌ အဆိုပါ အမှိုက်ပုံးများအား လှူဒါန်းခဲ့ကြသည်။

အဆိုပါ အဖွဲ့မှလှူဒါန်းရာတွင် အခြေခံပညာစာသင်ကျောင်းများဖြစ်သည့် အ.ထ.က(တာချီလိတ်)၊ အ.ထ.က(ဆန်ဆိုင်း)၊ အ.ထ.က(ဟောင်လိတ်)၊ အ.လ.က(ပုန်းထွန်)၊ မူလွန်(တာလော့)၊ မူလွန်(ရန်အောင်မြေ)၊ မူလွန်-၀မ်ကောင်း(ကချင်ရွာ) နှင့် အ.မ.က(၀မ်မိုင်)ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် ဆရာ၊ဆရာမများအပြင် ကျောင်းသား၊ ကျောင်းသူများမှ ၀မ်းမြောက်စွာဖြင့် လက်ခံရယူကြရာ ရွှေတာချီခရီးသွား လုပ်ငန်း၏ ဥက္ကဌ ဦးစိုင်းကျော်ဇံမှ ကျောင်းသား၊ ကျောင်းသူများအား အမှိုက်စွန့်ပစ်မည်ဆိုပါ စည်းကမ်းရှိစွာဖြင့် အဆိုပါ အမှိုက်ပုံးအတွင်း စနစ်တကျစွန့်ပစ်နိုင်ရန်အတွက် အသိပေးပြောကြားခဲ့သည်။

ရွှေတာချီခရီးသွားလုပ်ငန်းမှ တာချီလိတ်မြို့တွင်း ဗိုလ်ချုပ်လမ်းမကြီးတလျှောက်တွင် စွန့်ပစ်အမှိုက်များ စနစ်တကျဖြစ်စေရေးအတွက် ယခုလို အမှိုက်ပုံးများကို လမ်းဘေးများတွင် ထားရှိသွားမှာ ဖြစ်ရာ အဆိုပါ အမှိုက်ပုံးများကို ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းမှာပင် ရွှေတာချီခရီးသွားလုပ်ငန်းမှ ဥက္ကဌနှင့် ကော်မတီဝင်များမှ  စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကိုကို ထံ ပေးအပ်လှူဒါန်းသည်။
ရွှေတာချီခရီးသွားလုပ်ငန်းမှ ယခုလိုပင် တာချီလိတ်မြို့တွင်း၌ တာရာအမှိုက်ပုံများကို ထားရှိလှူဒါန်းသွားမှာဖြစ်ပြီး ယခုလို လှူဒါန်းနိုင်မှုသည် ရွှေတာချီခရီးသွားလုပ်ငန်း၏ ဘဏ္ဍာငွေများထဲမှ မြို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းလှူဒါန်းပေးတာဖြစ်ကြောင်း သိရှိရသည်။
သတင်း။  ။ ကိုဇောင်း
ပုံများကိုကြည့်ရန်

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~