(ပရဟိတ)ရွှေတောင်တန်းကျောင်းတိုက် မှ ကလေးသူငယ်များ ငှက်ဖျားရောဂါ ကာကွယ်နိုင်ရန် ခြင်ဆေးဖြန်း

(ပရဟိတ)ရွှေတောင်တန်းကျောင်းတိုက် မှ ကလေးသူငယ်များ ငှက်ဖျားရောဂါ ကာကွယ်နိုင်ရန် ခြင်ဆေးဖြန်း
ဇွန် 12, 2014
By Tachileik News Agency

တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဟွေရယ်ကျေးရွာအတွင်းရှိ (ပရဟိတ) ရွှေတောင်တန်း ကျောင်းတိုက်တွင် မရှိနွမ်းပါးနှင့် မိဘမဲ့ကလေးသူငယ် (၁၈၀)ကျော်ရှိရာ အဆိုပါကလေးသူငယ်များထဲတွင် ယခုမိုးကျကာလ၏ ခြင်ကိုက်ခဲမှုများကြောင့် ငှက်ဖျားရောဂါဖြစ်ပွားသည့် ကလေးသူငယ်များ ရှိနေကြောင်း သိရသည်။

ထိုသို့ ငှက်ဖျားရောဂါဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ယနေ့ ၂၀၁၄ခုနှစ် ဇွန်လ(၁၂)ရက် နံနက်ပိုင်းက ဒေါက်တာကြီးမြင့်သိန်း နှင့် ကျန်းမာရေးအဖွဲ့မှ ငှက်ဖျားရောဂါနှင့် ပတ်သက်၍ ကလေးသူငယ်များအား အသိပညာပေးဟောပြောခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ပြုလုပ်ကြပြီး ကျောင်းတိုက် အနီးတစ်ဝိုက်၌ ခြင်ဆေးဖြန်းမှုများ ဆောင်ရွက်ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် သက်ဆိုင်ရာများမှ လိုက်လံ ကြည့်ရှုစစ်ဆေးကာ လိုသည်များကို ညှိနှိုင်းဆောင်ရွက်ပေးတာကို တွေ့ရှိရသည်။

ကျောင်းတိုက်အတွင်းရှိ ကလေးသူငယ်များ၏ ကျန်းမာရေးနှင့် ပတ်သက်၍ ဦးလောတာမှ ရှင်းပြရာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေမှ ကျောင်းတိုက်အတွင်း ကလေးသူငယ်များ၏ ကျန်းမာရေးနှင့် ပတ်သက်၍ ငှက်ဖျားရောဂါများ ကူးစက်မှုမဖြစ်စေရန်အတွက် ကျန်းမာရေးဌာနအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများကို အထူးဆောင်ရွက်ပေးရန် မှာကြားပြီးနောက် (ပရဟိတ)ရွှေတောင်တန်းကျောင်းတိုက်ဆရာတော် ဦးခမာဝုဓ မှလည်း ကျောင်းတိုက်အတွင်း လိုအပ်သည်များကို မိန့်ကြားတော်မူသည်။

(ပရဟိတ)ရွှေတောင်တန်းကျောင်းတိုက်သည် မရှိနွမ်းပါး နှင့် မိဘမဲ့ အာခါ၊ လားဟူတိုင်းရင်းသား ကလေးသူငယ်များကို  လက်ခံပြီး ပညာများကို သင်ကြားပေးနေလျှက်ရှိသည်မှာ ၁၉၉၇ခုနှစ် ဇူလိုင်လက စတင်ခဲ့ကြတာဖြစ်ကြောင်း သိရှိရသည်။

သတင်း။  ။ ကိုဇောင်း

ပုံများကိုကြည့်ရန်
ကလေးသူငယ်များအတွက် ငှက်ဖျားရောဂါ ကာကွယ်နိုင်ရန် ခြင်ဆေးဖြန်း

26 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~