အရှေ့ပိုင်း ကူးသန်းရောင်းဝယ်ရေး သမ၀ါယမအသင်းလီမိတက်၏ ၂၀၁၃ - ၂၀၁၄ခုနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးပြုလုပ်ရာ အစုရှယ်ယာရှင် ကိုယ်စားလှယ်များ တက်ရောက်

အရှေ့ပိုင်း ကူးသန်းရောင်းဝယ်ရေး သမ၀ါယမအသင်းလီမိတက်၏ ၂၀၁၃ - ၂၀၁၄ခုနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးပြုလုပ်ရာ အစုရှယ်ယာရှင် ကိုယ်စားလှယ်များ တက်ရောက်
ဇွန် 28, 2014
By Tachileik News Agency

သမ၀ါယမကုန်သွယ်မှုလမ်းကြောင်းနှင့် ဆက်စပ်ပြီး ဈေးကွက် စီးပွားရေးအရ စီးပွားရေးနယ်ပယ်အတွင်းသို့ သမ၀ါယမအသင်းများ ကျယ်ပြန့်စွာ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်မှုဖြင့် ဖွဲ့စည်းထားသည့် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသရှိ အရှေ့ပိုင်းကူးသန်းရောင်းဝယ်ရေး သမ၀ါယမအသင်း လီမိတက်၏ ၂၀၁၃-၂၀၁၄ခုနှစ် နှစ်ချုပ် ဘဏ္ဍာရေးစာရင်းရှင်းတမ်း ရှင်းလင်းခြင်းများနှင့် မြို့နယ်အသီးသီးမှ အစုရှယ်ယာများ၏ စာရင်းများကို ရှင်းလင်းခြင်း အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအား ယနေ့ ဇွန်လ(၂၈)ရက်နေ့ နံနက်(၁၀း၃၀)နာရီအချိန်က တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ရှိ Green mountain စားသောက်ဆိုင် ခန်းမတွင် ပြုလုပ်ကျင်းပခဲ့ကြသည်။

အခမ်းအနားတွင် အရှေ့ပိုင်းကူးသန်းရောင်းဝယ်ရေးသမ၀ါယမအသင်းလီမိတက်၏ ဥက္ကဌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး နှင့် ပြည်ခိုင်ဖြိုးပါတီ၏ ပြည်နယ်အတွင်းရေးမှူး ဦးစိုင်းထွန်းလေး အပါအ၀င် မြို့နယ်သမ၀ါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ချို တို့မှ အဖွင့်အမှာစကားပြောကြားခဲ့ကြသည်။

ယင်းနောက် ၂၀၁၃-၂၀၁၄ခုနှစ် နှစ်ချုပ် ဘဏ္ဍာရေးစာရင်းရှင်းတမ်းကို မန်နေဂျာ ဦးမောင်မောင်လင်း မှ အစုရှယ်ယာအရေအတွက်၊ ဘဏ်အတိုးရငွေအကြောင်း၊ "ပစ်တိုင်းထောင်" သယ်ယူပို့ဆောင်ရေး လုပ်ငန်းသို့ ထုတ်ချေးငွေ နှင့် အတိုးရငွေအကြောင်း၊ အရှေ့ပိုင်းသမဆီပန့်မှ အမြတ်ရငွေအကြောင်း နှင့် ဆီပန့်များသို့ မတည်ပေးငွေနှင့် အမြတ်ရငွေများအကြောင်း နှင့် တစ်နှစ်တာအတွင်း အရှုံးအမြတ် စသည့် ငွေစာရင်းများကို ရှင်းလင်းဖတ်ကြားတင်ပြသည်။

ဆက်လက်၍ ရှမ်းအရှေ့ရှိ မြို့နယ်အသီးသီးတို့မှ တက်ရောက်လာသော အစုရှယ်ယာရှင်များ၊ ကိုယ်စားလှယ်များထဲမှ အချို့သော အစုရှယ်ယာအချို့တစ်ဝက်ကို ထုတ်ယူလိုကြောင်းနှင့် သိရှိလိုသည်များကို တင်ပြခဲ့ကြပြီး အခမ်းအနားအား ပြီးမြောက်စေခဲ့ကြသည်။

အဆိုပါ အစည်းအဝေးအခမ်းအနားသို့ အရှေ့ပိုင်းကူးသန်းရောင်းဝယ်ရေးသမ၀ါယမအသင်းလီမိတက်၏ ဥက္ကဌ (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)ဦးဝီလ်ဆင်မိုး နှင့် ပြည်ခိုင်ဖြိုးပါတီ၏ ပြည်နယ်အတွင်းရေးမှူး ဦးစိုင်းထွန်းလေး အပါအ၀င် မိုင်းဖြတ်ခရိုင်ပါတီကော်မတီဝင် ဦးဘိုစံ၊မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းရွှေထွန်း နှင့် မြို့နယ်အသီးသီးမှ အစုရှယ်ယာရှင်များ၏ ကိုယ်စားလှယ်များ တက်ရောက်လာခဲ့သည်ကို တွေ့ရှိရသည်။

ယခုဖော်ပြပါ အရှေ့ပိုင်းကူးသန်းရောင်းဝယ်ရေးသမ၀ါယမအသင်းလီမိတက်သည် ၁၉၉၂ခုနှစ် သမ၀ါယမအသင်း ဥပဒေအရ ၂၀၁၁ခုနှစ် အောက်တိုဘာလ(၁၇)ရက်နေ့က စုစည်းဆောင်ရွက်ခဲ့ပြီး ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလ (၈)ရက်နေ့မှာ ဖွဲ့စည်းခွင့်ရရှိခဲ့ပြီးနောက် အဆိုပါအသင်းအား ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ ပြည်နယ်၊ ခရိုင်၊ မြို့နယ် (၁၅)မြို့မှ အသင်းသားဦးရေ (၂၆၃)ဦးဖြင့် စုဖွဲ့ခဲ့ကြပြီး ရှယ်ယာစု(၁)စုလျှင် ကျပ်တစ်သိန်း သတ်မှတ်ထားပြီး အစီရင်ခံသည့်နေ့၌ ထည့်ဝင်ပြီးသည့် စုငွေမှာ (၅၇၉,၂၁၈,၁၀၀)ကျပ်ရှိကြောင်း သိရှိရသည်။

သတင်း။  ။ ကိုဇောင်း

ပုံများကိုကြည့်
ရှေ့ပိုင်း သမ ၏ ၂၀၁၃ - ၂၀၁၄ ခုနှစ် အရပ်ရပ်ဆိုင်ရာ စည်းဝေး

20 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~