မြေး၊ မြစ်၊ တီ စုစုပေါင်း ၃၇ ဦးရှိသည့် တာချီလိတ်မြို့မှ အသက် ၁၀၃ ရှိ အဖွားနိုင်းအွန် ကွယ်လွန်

မြေး၊ မြစ်၊ တီ စုစုပေါင်း ၃၇ ဦးရှိသည့် တာချီလိတ်မြို့မှ အသက် ၁၀၃ ရှိ အဖွားနိုင်းအွန် ကွယ်လွန်
ဇွန် 16, 2014
By Tachileik News Agency

တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေး၊ အိမ်အမှတ် ၃/၇၊ "ဟန်ဝင်း" ဆိုင်ကယ်ပြင်ဆိုင်ရှိ နေအိမ်တွင် နေထိုင်သူ မြေး (၈)ဦး၊ မြစ် (၂၀)ဦး နှင့် တီ (၉)ဦး ရှိသည့် အသက် (၁၀၃)နှစ်ရှိ အဖွား ဒေါ်အွန်လှိုင်ခမ်း(နိုင်းအွန်)သည် ယနေ့ ၂၀၁၄ခုနှစ် ဇွန်လ(၁၅)ရက် ည(၁၀း၃၀)နာရီ အချိန်က ကွယ်လွန်အနိစ္စရောက်ရှိသွားကြောင်း သိရှိရ၍ ကွယ်လွန်သူ၏ ဆွေမျိုးများ နှင့် ရပ်နီးရပ်ဝေးမှ အသိမိတ်ဆွေများအနေဖြင့် ပြန်လည်သိရှိနိုင်ရန်အတွက် တာချီလိတ်အွန်လိုင်းမှ နာရေးကြော်ငြာအဖြစ် အသိပေးဖော်ပြလိုက်ပါသည်။

အသက် (၁၀၃)နှစ်ရှိ ကွယ်လွန်သူ အဖွားဒေါ်အွန်လှိုင်ခမ်း(နိုင်းအွန်)သည် တာချီလိတ်မြို့ရှိ အဆွေတော်မိသားစု(၂၄)နာရီအထူးကုဆေးခန်း၊ အဆွေတော်မီနီမတ်(ရတနာစံအိမ်တော်)၊ ရွှေငါး အိမ်ဆောက်ပစ္စည်းဆိုင်၊ ဟန်ဝင်း ဆိုင်ကယ်ပြုပြင်ရေး နှင့် "စိန်ပွင့်"ဖုန်းအပိုပစ္စည်း ရောင်းဝယ်ရေးဆိုင်တို့၏ အဖွားဖြစ်ပြီး အဖွားနိုင်းအွန်တွင် မြေး၊မြစ်၊တီ စုစုပေါင်း (၃၇)ဦးရှိကြောင်း သိရှိရသည်။

ကွယ်လွန်သူ၏ ရုပ်အလောင်းအား တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမဘေး၊ အိမ်အမှတ် ၃/၇၊ "ဟန်ဝင်း" ဆိုင်ကယ်ပြင်ဆိုင်ရှိ နေအိမ်တွင် ထားရှိ ထားပြီး မီးသဂြုင်္ိဟ်ရန်ကိစ္စကိုတော့ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးအား စောင့်မျှော် ဆုံးဖြတ်ပြီးမှ ရက်သတ်မှတ်မှာဖြစ်ကြောင်း သိရှိရသည်။

Update News:
၂၀၁၄ခုနှစ် ဇွန်လ(၁၈)ရက် နေ့လည်(၁)နာရီအချိန်တွင် တာချီလိတ်မြို့ နှဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးမှ ဆောက်လုပ်လှူဒါန်းထားသော ပုံလို့သုဿန်တွင် မီးသဂြုင်္ိဟ်မည်ဖြစ်ပါသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~