ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ မြ၀တီမြို့သည် ထိုင်း - မြန်မာ နှစ်နိုင်ငံ နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော
နယ်စပ်မြို့လေး တစ်မြို့ဖြစ်ပေသည်။ မြ၀တီမြို့တွင် သာသနာတော်ထွန်းကားပြန့်ပွားစေပြီး၊ယဉ်ကျေးမှုအမွေနှစ်များထာဝစဉ်ရှင်သန် တည်တံ့ နေစေရန်အတွက် မြို့ကျက်သရေဆောင်အဖြစ် မြို့အ၀င် သီဟာသနကုန်းမြေပေါ်၌ ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်ကြီးကြပ်မှုနှင့်အတူ ခရိုင်၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာများနှင့် သဒ္ဓါကြည်လင် ပါရမီရှင် စေတနာရှင်အလှူရှင်များ ပေါင်းစုကာ ရွှေတိဂုံ ပုံတူစွယ်တော်ပွားစေတီ(မြ၀တီ)ကို ၂၀၁၀ခုနှစ် မှ စတင် တည်ထားကိုးကွယ်ဆောက်လုပ်လျက်ရှိပါသည်။
အဆိုပါ စေတီတော်မြတ်ကြီးသည် ပန်းတဉ်းခုံ အကျယ်အ၀န်း(၁၀၀)ပေ ၊ အမြင့်(၁၅)ပေ နှင့် ဥာဏ်တော်
အမြင့် (၉၂)ပေ တည်ထားကိုးကွယ်မည့် စေတီတော်ကြီးဖြစ်သည်။ စေတီတော်ကြီး ၏ အနီးနားတွင် ရွှေဟင်္သာ ကျောင်းတိုက်၊ ငွေဟင်္သာကျောင်းတိုက်တို့ တည်ထားကိုးကွယ်လျက်ရှိသည်။ ရွှေတိဂုံ ပုံတူ စွယ်တော်ပွား စေတီ (မြ၀တီ) တည်ထားဆောက်လုပ်ပြီးပါက မြို့၏ဂုဏ်ကျက်သရေမှာ ပိုမိုလှပတင့်တယ်ကာ ပြည်တွင်းပြည်ပ ခရီးသွားဘုရားဖူးဧည့်သည်များ စည်ကားသိုက်မြိုက်စွာ အဆက်မပြတ်လာရောက်ဖူးမြော်ကြည်ညိုကြမည်ဖြစ်သည်။
ထို့အတူ ခရီးသွားလုပ်ငန်းလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး၊ ဒေသနေတိုင်းရင်းသား ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း တိုးတက်ရရှိကာ လူမှုစီးပွားဘ၀ တိုးတက်မြင့်မားလာမှာ အမှန်ပင်ဖြစ်ပေသည်။
သို့ဖြစ်၍ ရွှေတိဂုံ ပုံတူစွယ်တော်ပွားစေတီ(မြ၀တီ) တည်ဆောက်ရာတွင် အလှူငွေနှင့်ဆောက်လုပ်ရေး
လုပ်ငန်းသုံးပစ္စည်းများ သဒ္ဓါတတ်အားနည်းများမဆို ဆောက်လုပ်ရေးကော်မတီသို့ ဆက်သွယ်ပေးပို့ပါဝင် လှူဒါန်းနိုင်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။