အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ မြ၀တီမြို့တွင် ကျင်းပ

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲ မြ၀တီမြို့တွင် ကျင်းပ
ဇွန် 17, 2014
By Tachileik News Agency

ကရင်ပြည်နယ်၊ မြ၀တီခရိုင်၊ မြ၀တီမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်
ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး အကြိုဟောပြောပွဲကို ယနေ့ ဇွန်လ(၁၇)ရက်၊ နံနက် (၉)နာရီခွဲ က အထက(၁) ၊ ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှဌေး က ကျောင်းသား
ကျောင်းသူများ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေပြီး အနာဂတ်အတွက် အားထားရမည့် သားကောင်းသမီးကောင်းများဖြစ်စေရေးအတွက် စာဖတ်ရှိန်မြင့်မားရေး အကြောင်းကိုလည်းကောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးတပ်စုမှူးရုံး မှ တပ်စိပ်မှူး ဒုတိယရဲမှူး ကံဝင်း က လူကုန်ကူးမှုတားဆီးကာကွယ်ရေး အကြောင်းကိုလည်းကောင်း၊ အမှတ်(၃၂) မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု မှ ရဲမှူး အောင်စည် က မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများကို လည်းကောင်း၊ ခရိုင်ကျန်းမာရေးဦးစီးဌာန မှ ဒေါက်တာဇင်လှမောင် က မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများနှင့် ဆက်စပ်ရောဂါများအကြောင်းကိုလည်းကောင်း၊ မြို့နယ် ဥပဒေအရာရှိ ဦးစောသိန်းဖေမြင့် က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီး
ကာကွယ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ပြစ်မှုပြစ်ဒဏ်များကို လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ငွေက မှုခင်းကျဆင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာများကို လည်းကောင်း အသီးသီးအသိပညာပေးဟောပြောသည်။

အဆိုပါဟောပြောပွဲတွင်  ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူ (၃၀၀)ခန့်တက်ရောက်ပြီး၊ ဇွန်လ (၁၇)ရက်မှ ဇွန်လ(၂၁)ရက်နေ့ အထိ အထက(၁ ၊ ၂)၊ အထကခွဲ(ရပ်ကွက်-၁)၊ အလက (၂)၊ အထက (သင်္ဃန်းညီနောင်)၊ အထက(ဝှေ့ရှမ်း)တို့တွင် အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း။   ။ ဝေယံလင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~