မြစိမ်းရောင်ကျေးရွာ မတည် ရန်ပုံငွေ တာချီလိတ်၌ ထောက်ပံ့ပေးအပ်

မြစိမ်းရောင်ကျေးရွာ မတည် ရန်ပုံငွေ တာချီလိတ်၌ ထောက်ပံ့ပေးအပ်
ဇွန် 4, 2014
By Tachileik News Agency

မွေးမြူရေး ၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ၊ မြစိမ်းရောင် မတည်ရန်ပုံငွေ
ထောက်ပံ့ ပေးအပ်ပွဲအား ယနေ့ဇွန်လ(၄)ရက် မွန်းလွဲပိုင်းက တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်
ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်း ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့်
ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ မြစိမ်းရောင်ကျေးရွာ ရန်ပုံငွေကြီးကြပ်ရေးကော်မတီဝင်များ
တက်ရောက်ကြသည်။

အခမ်းအနားတွင် ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေမှ အဖွင့်အမှာ
စကားပြောကြားကာ တာချီလိတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ထွန်းက နိုင်ငံတော်မှဆောင်ရွက်လျှက်ရှိသော မြစိမ်းရောင်စီမံကိန်း၏ ရည်ရွယ်ချက်များ လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် တာချီလိတ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၆)အုပ်စုမှ မြစိမ်းရောင်ကျေးရွာအဖြစ် ရွေးချယ်ခံရသော ပါတောင်း ၊ မောတွီ ၊ ပါသား ၊ နာတာကျို ၊ ၀မ်ကော့ ၊ ပန်နယ်၊ ဟိုနား (အာခါ)ရွာ စုစုပေါင်း (၇)ရွာအတွက် တစ်ရွာလျှင် ကျပ်သိန်း ၃၀၀ နှုန်းဖြင့် စုစုပေါင်းရန်ပုံငွေ ကျပ်သိန်း (၂၁၀၀)အား ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဦးအောင်ထွန်းတို့က သက်ဆိုင်ရာ ကျေးရွာကြီးကြပ်ရေးကော်မတီများထံ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။

ဓါတ်ပုံ/သတင်း။   ။ မောင်ယဉ်ကျေး
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~