မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် တာချီလိတ်၌ မြေစိုက်ပိုစတာ စိုက်ထူ

မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းမှ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် တာချီလိတ်၌ မြေစိုက်ပိုစတာ စိုက်ထူ
ဇွန် 26, 2014
By Tachileik News Agency
တာချီလိတ်ခရိုင် မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းမှ ၂၀၁၄ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြေစိုက်ပိုစတာ စိုက်ထူဖွင့်လှစ်ခြင်း အခမ်းအနားကို ဇွန်လ (၂၄)ရက် နံနက်(၉)နာရီအချိန်က တာချီလိတ်မြို့ အထွက် လမ်းဆုံတွင် ပြုလုပ်သည်။

မြေစိုက်ပိုစတာအား စစ်ဗျူဟာအဖွဲ့(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးဇော်နိုင်ဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးသည်။

အဆိုပါမြေစိုက်ပိုစတာသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများတွင် ပြည်သူအားလုံး အမျိုးသားရေးတာဝန် တစ်ရပ်အနေဖြင့် ပူးပေါင်းပါဝင်ရေး ရည်ရွယ်ချက်ဖြင့် စိုက်ထူခဲ့ခြင်းဖြစ်ပြီး မြေစိုက် ပိုစတာအား ဦးချစ်ထူ (ရှင်းမန်းရွှေဆိုင် ) က လှူဒါန်းစိုက်ထူခြင်းဖြစ်ကြောင်းသိရှိရသည်။

သတင်း  ။  ။ မောင်ဆွေငြိမ်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~