မယ့်ဖါးလုံဖောင်ဒေးရှင်းမှ တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံသို့ လူနာတင် ယာဉ်တစ်စီး လှူဒါန်း

မယ့်ဖါးလုံဖောင်ဒေးရှင်းမှ တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံသို့ လူနာတင် ယာဉ်တစ်စီး လှူဒါန်း
ဇွန် 12, 2014
By Tachileik News Agency

မြန်မာနိုင်ငံအတွင်း ၂၀၁၂ခုနှစ်မှ ၂၀၁၈ခုနှစ်ထိ (၆)နှစ်ကြာမြင့်စွာဖြင့် ရေရှည်တည်တံ့သော အစားထိုး အသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေးစီမံကိန်းများကို ကြိုးပမ်းဆောင်ရွက်နေလျက်ရှိသည့် မယ့်ဖါးလုံဖောင်ဒေးရှင်း မှ တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံတွင် အသုံးပြုနိုင်ရန်အတွက် လူနာတင်ယာဉ် တစ်စီးကို ပေးအပ်လှူဒါန်းပွဲအဖြစ် ယနေ့ ၂၀၁၄ခုနှစ် ဇွန်လ(၁၂)ရက် နံနက်(၉း၁၅)နာရီအချိန်က ခရိုင်ပြည်သူ့ဆေးရုံရှိ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ က "မယ့်ဖါးလုံဖောင်ဒေးရှင်းရဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဟာ ပြည်သူများက အလိုရှိနေသည့် နိုင်ငံတော်အနေနှင့်လည်း အစွမ်းကုန်ကြိုးစား အကောင်အထည်ဖော်နေသော ဆင်းရဲမွဲတေမှု လျော့ချရေးလုပ်ငန်းများမှာ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေတာဖြစ်တဲ့အတွက် စီမံကိန်းကာလတစ်လျှောက်လုံး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ တိုက်တွန်း ဆန္ဒပြုရင်း ယခုလွှဲပြောင်းပေးအပ်တဲ့ လူနာတင်ယာဉ်သည်လည်း လူထုကျန်းမာရေးအတွက် အထောက်အကူကောင်းတစ်ခုဖြစ်လို့ တာချီလိတ်ပြည်သူများရဲ့ကိုယ်စား ထိုင်းနိုင်ငံ မယ့်ဖါးလုံဖောင်ဒေးရှင်း နှင့် စီမံကိန်းများကို လက်တွဲကူညီ အကောင်အထည်ဖော်ပေးနေသော ပြည်ထောင်စုမြန်မာနိုင်ငံ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း"စသည်ဖြင့် အဖွင့်စကားပြောကြားပြီး ကျေးဇူးတင်စကား ဆိုသည်။
ဆက်လက်၍ မြန်မာနိုင်ငံ အစီစဉ်မှ မယ့်ဖါးလုံဖောင်ဒေးရှင်း၏ ညွှန်ကြားရေးမှူး ဦးခမ်းအောင်မှ အဆိုပါ ဖောင်ဒေးရှင်းအကြောင်းကို အကျဉ်းချုံ့ပြောကြားပြီး ဖောင်ဒေးရှင်းအနေဖြင့် ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ပညာရေး စသည့် လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်နေလျက်ရှိကြောင်း စသည်ဖြင့် ပြောကြားပြီး တဆက်တည်းမှာပင် အရိုး/အကြောအထူးကုဆရာဝန် ဒေါက်တာကြီးမြင့်သိန်းမှ ယခုလို လူနာတင်ယာဉ် လှူဒါန်းလာသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း စသည်ဖြင့် ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် အဆိုပါ ယာဉ်အား လွှဲပြောင်းပေးအပ်လှူဒါန်းမှုအဖြစ် ယာဉ်နှင့် ပတ်သက်၍ စာရွက်စာတမ်းများနှင့် သော့အား မယ့်ဖါးလုံဖောင်ဒေးရှင်း၏ ညွှန်ကြားရေးမှူး ဦးခမ်းအောင် မှ ပေးအပ်လှူဒါန်းရာ ဒေါက်တာကြီးမြင့်သိန်းမှ ၀မ်းမြောက်စွာဖြင့် လက်ခံရယူခဲ့ကြသည်။

သတင်း။   ။ ကိုဇောင်း
ဓါတ်ပုံ။  ။ လင်းလင်း
ပုံများကိုကြည့်ရန်
40 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~