မြန်မာနိုင်ငံ စာကြည့်တိုက်ဖောင်ဒေးရှင်း၏ မတည်ငွေဖြင့် ဆောက်လုပ်ပြီးစီးသွားသော “ရွှေစံအိမ်စာကြည့်တိုက်” ဖွင့်ပွဲ အခမ်းအနားအား ယနေ့ ဇွန်လ (၂၂) ရက် မွန်းလွဲပိုင်းက တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု၊ ကော်မယ်လိတ်ကျေးရွာရှိ အဆိုပါ စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အာခါတိုင်းရင်းသားရေးရာဝန်ကြီး
ဦးပီတာသောင်းစိန်မှ ဂုဏ်ပြုအမှာစကားပြောကြားသည်။
ထို့နောက် စာကြည့်တိုက်အား အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးပီတာသောင်းစိန်၊ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွေလရှန်၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်ကြည်တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် အလှူရှင်များက အလှူငွေနှင့် စာအုပ်များအား ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး စာကြည့်တိုက်ကော်မတီဝင်တစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ ကော်မယ်လိတ်ကျေးရွာတွင် အိမ်ခြေပေါင်း (၉၇)အိမ်ရှိကာ အာခါတိုင်းရင်းသား လူဦးရေ (၅၀၀)ကျော် မှီတင်းနေထိုင်ကြကာ လယ်ယာလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းအား အဓိက သက်မွေးဝမ်းကျောင်းပြုကြပြီး ကျေးရွာနေပြည်သူများ၏ ပညာရေးအတွက် နိုင်ငံတော်အစိုးရမှ အခြေခံပညာမူလတန်းကျောင်းတစ်ကျောင်း တည်ဆောက်ဖွင့်လှစ်ပေးထားသည်။
ပြောင်းလည်းတိုးတက်လာသော နိုင်ငံတော်၏ ပညာရေး ကျန်းမာရေး နှင့် လူမှုရေးကဏ္ဍများ
ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဒေသနေပြည်သူများ အသိပညာတိုးပွားစေရေးအတွက် မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း၏ မတည်ငွေ ကျပ်ဆယ်သိန်း ၊ အာခါတိုင်းရင်းသားရေး
ရာဝန်ကြီး ဦးပီတာသောင်းစိန် မိသားစုမှ ကျပ် ၂၅သိန်း ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဦးဝီလ်ဆင်မိုး မိသားစုမှ ကျပ် ၂၅ သိန်း ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း
မှ ကျပ် ၇ သိန်း တို့ဖြင့် အလျား (၂၄)ပေ၊ အနံ (၂၀)ပေရှိ စာကြည့်တိုက်အဆောက်အအုံနှင့်
ပရိဘောဂများအား စုစုပေါင်းငွေကျပ် (၆၇)သိန်း အကုန်အကျခံတည်ဆောက် လှူဒါန်းခဲ့ခြင်းဖြစ်
ကြောင်း သိရှိရသည်။