နိုင်ငံတော်အစိုးရမှ ၂၀၁၄ခုနှစ်၊ ဧပြီလမတိုင်မီ ပင်စင်ခံစားလျက်ရှိသော နိုင်ငံဝန်ထမ်း အငြိမ်းစား များ၏ ပင်စင်လစာကို လက်ရှိပင်စင်လစာအပြင် ၀န်ထမ်းများကို တိုးမြှင့်ခွင့်ပြုသော လစာကျပ်နှစ်သောင်း အပေါ်တည်ဆဲပင်စင် နည်းဥပဒေနှင့်အညီ တွက်ချက်၍ ၂၀၁၄ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှစ၍ တိုးမြှင့်ခံစားခွင့်ပြုခဲ့သည်။
မြန်မာ့စီးပွားရေးဘဏ်၊ တာချီလိတ် မှ ပင်စင်လစာထုတ်ယူနေသော အငြိမ်းစားဝန်ထမ်းများအား ၂၀၁၄ခုနှစ်၊ ဧပြီလမှစ၍ လစဉ် နိုင်ငံတော်မှ တိုးမြှင့်ပေးသော တိုးမြှင့်ပင်စင်လစာများကို e-Pension Cardဖြင့် လွယ်ကူလျင်မြန်စွာထုတ်ပေးလျက်ရှိကြောင်းသိရသည်။
e-Pension Cardဖြင့် ပင်စင်လစာငွေများထုတ်ပေးခြင်းနှင့်ပတ်သက်ပြီး လက်ထောက်မန်နေဂျာ ဒေါ်သိင်္ဂီက ရှင်းလင်းပြောကြားရာတွင် “တာချီလိတ်မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်ထုတ်ယူသူ (၁၁၃၃)ဦး ရှိ ကြောင်း၊ ရုံးချုပ်မှ e-Pension Card ၁၀၃၆ ကတ် ရရှိပြီဖြစ် ကြောင်း၊ ပင်စင်စား (၉၉၆)ဦးထုတ်ပေး ထားပြီဖြစ်ကြောင်း၊ ယင်း အီးပင်စင်ကတ်ဖြင့်တိုးမြှင့်လစာငွေများကို ကွန်ပျူတာစနစ်ဖြင့် ပင်စင်ထုတ်ယူသူများသို့ လွယ်ကူလျင်မြန်စွာ ထုတ်ပေးလျက်ရှိကြောင်း” ပြောကြားသည်။