ကလေးသူငယ်များအား လိမ္မာယဉ်ကျေးသိမ်မွေ့စေရန်နှင့် ဘာသာတရား ရိုသေ ကိုင်းရှိုင်းတတ်စေရန် အတွက် ၂၀၁၃ခုနှစ် နှစ်ဝက်ခန့်မှစ၍ ဓမ္မစကူလ်းဖောင်ဒေးရှင်း၏ လမ်းညွှန်မှုဖြင့် အပတ်စဉ် ဓမ္မစကူးလ်ကျောင်းတော်များကို တာချီလိတ်၌ ဖွင့်လှစ်သင်ကြားပို့ချပေးလာရာ တာချီလိတ်၌ အပတ်စဉ်ဓမ္မစကူးလ်ကျောင်းတော် (၁၄)ကျောင်းတိတိရှိပြီဖြစ်ပြီး အဆိုပါ (၁၄)ကျောင်းထဲတွင် ပထမဦးဆုံး ဖွင့်လှစ်ထားရှိသည့် ဓမ္မစကူးလ်ကျောင်းတော်(တာချီလိတ်)ကို အခြေခံပညာအထက်တန်းကျောင်း (တာချီလိတ်)တွင် ဖွင့်လှစ်ထားရှိရာ ယနေ့ ဇွန်လ(၂၂)ရက် တနင်္ဂနွေနေ့တွင် ကျောင်းသား၊ ကျောင်းသူ (၂၅၀)ကျော်တို့ကို စဉ်ဆက်မပြတ်သင်ကြား ပို့ချပေးနေတာကို တွေ့ရှိရသည်။
ထိုသို့ သင်ကြားမှုတွင် အတန်းလိုက် သင်ကြားမှုဆရာများအဖြစ် သံဃာတော်များနှင့် ဓမ္မစကူးလ် ဆရာ/မများမှ သင်ကြားပို့ချပေးနေကြတာဖြစ်ပြီး တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော် အလုပ်အမှုဆောင်များမှ အလှူရှင်များနှင့် ပူးပေါင်း၍ ကူညီပံ့ပိုး ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ယနေ့ ဇွန်လ(၂၂)ရက်နေ့၏ ဓမ္မစကူးလ်ကျောင်းတော်(တာချီလိတ်)တွင် တက်ရောက်သင်ယူကြသော ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအား အစာအာဟာရအဖြစ် ဦးညီညီလှိုင် + ဒေါ်ခင်မျိုးမြတ်၊ သား မောင်အောင်ကျော်မင်း နှင့် သမီး မရတီမှူးခင် မိသားစုမှ ပဲနို့ရည် နှင့် ပေါင်မုန့်များကို ဝေငှကျွေးမွေးလှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ဦးညီညီလှိုင် မိသားစုမှ တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော်သို့ ငွေပဒေသာပင်အဖြစ် ကျပ်ငွေ (၃)သိန်းတိတိကို ပေးအပ်လှူဒါန်းရာ တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော် အလုပ်အမှုဆောင် ဥက္ကဌ ဦးကျော်သီဟ နှင့် အလုပ်အမှုဆောင်များမှ ၀မ်းမြောက်စွာဖြင့် လက်ခံရယူခဲ့ကြပြီးနောက် ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ် ချီးမြှင့်သည်။
ယခုကဲ့သို့ပင် တာချီလိတ်မြို့နယ်အတွင်းရှိ ဓမ္မစကူးလ်ကျောင်းတော် (၁၄)ကျောင်းထဲတွင် မိမိတို့ ပါဝင်ကုသိုလ်ယူ လှူဒါန်းလိုသော ကျောင်းများကို ဆက်သွယ်ရန် အခက်အခဲဖြစ်ပါက တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော် အလုပ်အမှုဆောင်များထံ ဆက်သွယ်၍ စာရင်းပေးသွင်း လှူဒါန်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့နယ်တွင် ဖွင့်လှစ်ထားရှိသော ဓမ္မစကူးလ်ကျောင်းတော် (၁၄)ကျောင်းတို့တွင် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း၌ တစ်ချိန်တည်းမှာ သင်ကြားပေးနေကြတာဖြစ်ပြီး သင်ကြားမှုအချိန်သည် နံနက်ပိုင်း တစ်ပိုင်းသာ သင်ကြားပေးတာဖြစ်ကြောင်းသိရသည်။
ဓမ္မစကူးလ်ကျောင်းတော်(တာချီလိတ်)သို့ ဆက်သွယ်လှူဒါန်းလိုလျှင် -
ဦးကျော်သီဟ - ဥက္ကဌ
မြန်မာဖုန်း ။ ။ 09-5240191, 084-51915
ထိုင်းဖုန်း။ ။ 0900524606
ပြည့်စုံပုံနှိပ်တိုက်၊ တာချီလိတ်မြို့။
ဦးဇော်မြင့် - ဒုတိယ ဥက္ကဌ
မြန်မာဖုန်း။ ။ 09-5240377
ထိုင်းဖုန်း။ ။ 081-7645527
"ဖြိုး"ကုန်မျိုးစုံဆိုင်၊ တာချီလိတ်မြို့။
ဦးနေဦး
မြန်မာဖုန်း။ ။ 09-250250735
ထိုင်းဖုန်း။ ။ 086-9187739