တာချီလိတ်မြို့နယ်အတွင်းရှိ အထက်ကျောင်း (၄)ကျောင်းအနက် အခြေခံပညာအထက်တန်းကျောင်း (တာချီလိတ်)တွင် ကျောင်းသား၊ ကျောင်းသူ (၃၅၄၆)ဦးရှိပြီး ဆောက်လုပ်နေသည့် စာသင်ခန်း အပါအ၀င် စုစုပေါင်း (၆၆)ခန်းရှိရာ အဆိုပါ စာသင်ခန်းများအတွက် စာသင်ခုံ အစုံ(၁၅၀) လိုအပ်နေလျက်ရှိကြောင်း ယနေ့ ၂၀၁၄ခုနှစ် ဇွန်လ(၂၀)ရက် မွန်းလွှဲပိုင်းတွင် ပြုလုပ်သော အ.ထ.က(တာချီလိတ်)၏ ကျောင်းအကျိုးတော်ဆောင်များ အစည်းအဝေးမှ သိရှိရသည်။
လိုအပ်နေသည့် စာသင်ခုံ အစုံ (၁၅၀)အတွက် တစ်စုံလျှင် ထိုင်းဘတ်ငွေ(၂၀၀၀)ဘတ်နှုန်းဖြင့် သတ်မှတ်ထားရာ လိုအပ်သည့် စာသင်ခုံ(၁၅၀)အစုံအတွက် စုစုပေါင်းမှာ ထိုင်းဘတ်ငွေ (၃)သိန်း ကုန်ကျမှာဖြစ်သည့်အတွက် အဆိုပါ စာသင်ခုံများနှင့် ပတ်သက်၍ လှူဒါန်းလိုသူ စေတနာရှင်များအနေဖြင့် အ.ထ.က(တာချီလိတ်)ရှိ ကျောင်းအုပ်ဆရာကြီး၏ ရုံးခန်းတွင် စာရင်းပေး၍ ကျောင်းအကျိုးတော်ဆောင်များထံ လှူဒါန်းနိုင်မှာဖြစ်ကြောင်း သိရသည်။
လတ်တလောတွင် ပါဝင်လှူဒါန်းထားသည့်အလှူရှင်စာရင်းမှာ
- ဦးလှမျိုး = ၆၀၀၀ဘတ်
- ဦးအိုက်ရုံ = ၂၀၀၀ဘတ်
- ဦးအိုက်လီ = ၁၈၀၀ဘတ်
- ဦးစောဟဲသာ = ၁၈၀၀ဘတ်
- ဦးအောင်အောင် = ၁၈၀၀ဘတ်
- စိုင်းရှဲန်တွီ = ၃၆၀၀ဘတ်
- ဒေါ်ရီချို = ၁၈၀၀ဘတ်