ထိုသို့ ရန်အောင်မြေရပ်ကွက်အဖြစ် ဖြစ်တည်လာပြီးနောက် အဆိုပါ ရပ်ကွက်အား အုပ်ချုပ်နိုင်ရန်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးသစ်အား ၂၀၁၄ခုနှစ် မတ်လ(၄)ရက်နေ့က အများဆန္ဒအရ ရွေးချယ်ခဲ့ကြပြီးနောက် ရန်အောင်မြေရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ယနေ့ ၂၀၁၄ခုနှစ် မေလ(၁၁)ရက် နေ့လည်ပိုင်းက ဆိုင်းဘုတ်တင် အခမ်းအနားနှင့် ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ မြို့နယ်အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစိုင်းကျော်ဇံ၊ မြို့နယ်လ၀က ဦးစီးမှူး ဦးသိန်းလွင် နှင့် ရန်အောင်မြေ ရပ်မိရပ်ဖ တစ်ဦးဖြစ်သည့် ဦးဘိုချို တို့မှ ရန်အောင်မြေရပ်ကွက်အတွင်း ရပ်ကွက်သူ၊ ရပ်ကွက်သားများအားလုံး စည်းစည်းလုံးလုံးနှင့် ရပ်ရွာအကျိုးကို ၀ိုင်းဝန်းဆောင်ရွက် ကြရန် နှင့် ရပ်ကွက်အတွင်း လိုအပ်ချက်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူး အား တင်ပြနိုင်ကြောင်း စသည်ဖြင့် အဖွင့်အမှာစကားများ ပြောကြားခဲ့ကြသည်။
ဆက်လက်၍ ရန်အောင်မြေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအားဆော်မှ ရပ်ကွက်သူ ရပ်ကွက်သားများ အနေဖြင့် ရပ်ကွက်အတွင်း လိုအပ်ချက်များ ရှိလာပါက ၎င်းထံ တင်ပြနိုင်ပါကြောင်း နှင့် ၎င်းအနေဖြင့် ရပ်ကွက်အတွင်း လိုအပ်ချက်များကို တက်အားတရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်းပြောကြားသည်။
ယင်းနောက် ရန်အောင်မြေရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ရုံးဆိုင်းဘုတ်တင်ပွဲကို ကျင်းပပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့မှ အဆိုပါ ဆိုင်းဘုတ်အား အမွှေးနံ့သာရေများ ပက်ဖြန်း၍ ဆိုင်းဘုတ်ချိတ်ဆွဲပေးခဲ့ကြသည်။
ပုံများကိုကြည့်ရန်