တာချီလိတ်မြို့ သန့်ရှင်းသာယာလှပရေးအတွက် ရွှေတာချီခရီးသည်ပို့ဆောင်ရေးမှ အမှိုက်ပုံးများလှူဒါန်း

တာချီလိတ်မြို့ သန့်ရှင်းသာယာလှပရေးအတွက် ရွှေတာချီခရီးသည်ပို့ဆောင်ရေးမှ အမှိုက်ပုံးများလှူဒါန်း
မေ 30, 2014
By Tachileik News Agency

တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ဦးဆောင်မှုဖြင့် တာချီလိတ်မြို့
သာယာလှပရေးအတွက် ရွှေတာချီခရီးသွားလုပ်ငန်းမှ ရာဘာအမှိုက်ပုံး (၁၀၀)ပေးအပ်လှူဒါန်းပွဲအား ယနေ့မေလ (၃၀)ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ် ဒေါ်တင်မေထွန်း ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး ၊မြို့နယ် စည်ပင်သာယာ
အမှုဆောင်အရာရှိ ဦးကိုကို ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းကျော်ဇံ ၊
ရွှေတာချီခရီးသွားလုပ်ငန်း အမှုဆောင်များနှင့် အသင်းဝင်များက မြန်မာ-ထိုင်း ချစ်ကြည်ရေး
တံတားအမှတ် (၂)တွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ
Mrs. Wisallaya ဦးဆောင်သည့် ထိုင်းနိုင်ငံ စည်ပင်သာယာရေးအဖွဲ့နှင့် အတူသယ်ယူလာသည့် ရာဘာအမှိုက်ပုံးများအား ကြိုဆိုလက်ခံကြသည်။

ထို့နောက် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနရုံးတွင် စည်ပင်သာယာရေး လုပ်ငန်းဆိုင်ရာများအား ဆွေးနွေးဖလှယ်ညှိနှိုင်းကြပါသည်။ တာချီလိတ်မြို့နယ် သာယာလှပရေးနှင့် ပြည်သူများစနစ်တကျ အမှိုက်စွန့်ပစ်မှုအလေ့ အကျင့်ရရှိစေရန် ရည်ရွယ်ချက်ဖြင့် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ မယ်ဆိုင်မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် ညှိနှိုင်းကာ မယ်ဆိုင်မြို့တွင် ထုတ်လုပ်သည့် စွန့်ပစ်မော်တော်ကားတာယာများဖြင့် ထုတ်လုပ်သည့် တစ်လုံးလျှင် ထိုင်းနိုင်ငံသုံးဘတ်ငွေ ၄၀၀ တန်ဘိုးရှိ ရာဘာအမှိုက်ပုံးများအား မှာယူကာ ပထမအသုတ်အဖြစ် ရောက်ရှိလာခြင်းဖြစ်သည်။

အဆိုပါ အမှိုက်ပုံး အလုံးရေ (၁၀၀)ကို ရွှေတာချီခရီးသွားလုပ်ငန်းမိသားစုဝင်များ၏ လုပ်အားခ အလှူငွေများဖြင့် ၀ယ်ယူလှူဒါန်းခြင်းဖြစ်ပြီး ဒုတိယအသုတ် အလုံးရေ ၁၀၀ အား ထပ်မံမှာယူထားရှိကာ မင်းခေတ်သစ် ကုမ္မဏီမှ အလုံး ၅၀ ၊ သူရိယသင်္ကန်းတိုက်မှ ၅လုံး လှူဒါန်းထားပြီး ကျန်ရှိနေသေးသော အမှိုက်ပုံး ၄၅ လုံးအတွက် ထည့်ဝင်လှူဒါန်းလိုသူများ အနေဖြင့် မြို့နယ်စည်ပင်သာယာရေးကော်မတီထံ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း သိရှိရသည်။

သတင်း။  ။ မောင်ယဉ်ကျေး
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~