ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့သည် ထိုင်း-မြန်မာ နယ်စပ်ဒေသမြို့လေး တစ်မြို့ဖြစ်သည့်အတွက် တစ်ဖက်ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တဆင့် ၀င်ရောက်လာသော နိုင်ငံခြားသား ခရီးသွား ဧည့်သည်များသည် တဖြေးဖြေးနှင့် များလာသည်ဖြစ်ရာ အဆိုပါ နိုင်ငံခြားသားဧည့်သည်များအား
မြန်မာနိုင်ငံ တာချီလိတ်ဘက်မှ ဧည့်လမ်းညွှန် ၀န်ဆောင်မှုပေးနိုင်ရန်အတွက် ခုအခါမှာ ဧည့်လမ်းညွှန် သို့မဟုတ် ဧည့်လမ်းပြများ အနေဖြင့် လျှောက်ထားလိုသည့် လူသစ်များအပြင် အမှန်တကယ် လုပ်ဆောင်နိုင်မည့် ဧည့်လမ်းညွှန်များမှ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း(ရှမ်းအရှေ့-ရွှေတြိဂံဇုန်)သို့ သတ်မှတ်ကာလအတွင်း အမြန်ဆုံး စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
လွန်ခဲ့သော ၂၀၁၂ခုနှစ် ဇူလိုင်လ(၂၈)ရက်နေ့က တာချီလိတ်၌ ဖွင့်လှစ်ခဲ့ပြီးသော ဒေသဆိုင်ရာ ဧည့်လမ်းညွှန်(အခြေခံ)သင်တန်းတွင် တက်ရောက် သင်ယူသူ (၇၀)ဦးရှိခဲ့သော်လည်း ယခုအချိန်မှာ အမှန်တကယ် လိုက်ပါဆောင်ရွက်လိုသည့် ဧည့်လမ်းညွှန်မှာ နည်းပါးနေကြောင်းသိရသည်။
ထို့အတွက်ကြောင့် မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း(ရှမ်းအရှေ့ ရွှေတြိဂံဇုန်)ရုံးခွဲကို တာချီလိတ်မြို့ တွင် ဖွင့်လှစ်မည့်ဖြစ်ရာ တာချီလိတ်မြို့မှ အမှန်တကယ်လိုက်ပါ ဆောင်ရွက်လိုသည့် ဧည့်လမ်းညွှန်များ ၏ အမည်စာရင်းနှင့် ဧည့်လမ်းညွှန်သင်တန်းတွင် တက်ရောက်လိုသည့် လူသစ်များ၏ အမည်စာရင်းများကို သတ်မှတ်ကာလဖြစ်သည့် ၇.၅.၂၀၁၄ နောက်ဆုံးထား၍ အောက်ပါ ဆက်သွယ်ရန်လိပ်စာနှင့် ဖုန်းနံပါတ်များမှ တဆင့် စာရင်းပေးသွင်းနိုင်မှာ ဖြစ်ကြောင်း မြန်မာနိုင်ငံဧည့်လမ်းညွှန်များ အသင်း(ရှမ်းအရှေ့ ရွှေတြိဂံဇုန်)မှ သိရှိရသည်။
ဆက်သွယ်စုံစမ်းရန်
ဦးဟန်သူဇော်
ထိုင်းဖုန်း ။ ။ 085-0317678
မြန်မာဖုန်း။ ။ 094-7054353
Tiens ရုံးခန်း၊ မြန်မာယူနီဗာဆယ်ဘဏ်ဟောင်းဘေး၊
အင်းသားကြီးစားသောက်ဆိုင် အပေါ်ထပ်။ ရှမ်းရိုးမကွင်းရှေ့။ တာချီလိတ်မြို့။
ကောရ ငွေပန်းတိမ်ဆိုင်
09-5252156
အမှတ်(၇၀)လေယာဉ်ကွင်းလမ်း၊ ပါမန် ဆွန်တန်းရပ်ကွက်(၃)၊ ကျိုင်းတုံမြို့။