ယင်းနောက် စေတနာရှင်များမှ စုပေါင်းလှူဒါန်းထားသော ဥပ္ပါတသန္တိကျောင်းဆောင်သစ်အား လွှဲပြောင်းလှူဒါန်းမှုအဖြစ် အဆိုပါ ဆရာတော်ကြီးများမှ အသိသက်သေအဖြစ် လက်မှတ်များ ရေးထိုးခဲ့ကြကြောင်း နှင့် စေတနာရှင် အလှူရှင်များမှ စုပေါင်းဆောက်လုပ်လှူဒါန်းထားသော သုံးထပ်ကျောင်းဆောင်၏ ဆောက်လုပ်မှု ကုန်ကျငွေသည် ဘတ်သိန်း(၅၀)ကျော်ရှိကြောင်း သိရသည်။
သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက်တွင် (၅)ရက်တိုင်တိုင် ကျင်းပပြုလုပ်သော ပွဲတော်သို့ ရှမ်းပြည်နယ် မြို့နယ်အသီးသီးမှ "လွယ်"လူမျိုး၊ အာခါ(ဗုဒ္ဓ)တိုင်းရင်းသား၊ ရှမ်းတိုင်းရင်းသား နှင့် ဂုံရှမ်း၊ "၀"လူမျိုး၊ လားဟူ(ဗုဒ္ဓ)တိုင်းရင်းသား နှင့် ပလောင်တိုင်းရင်းသား စုစုပေါင်း နှစ်ထောင်ခန့် လာရောက်၍ ကံထပ်ဆရာတော်အား လာရောက် ဖူးမျှော်ကြည်ညိုကြတာကို တွေ့ရှိရသည်။
(၅)ရက်တိုင်တိုင်ကျင်းပပြုလုပ်သော သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက်ပွဲတော်သို့ လာရောက်ကြသူများအနေဖြင့် ဗုဒ္ဓဘာသာအကြောင်းကို လေ့လာနိုင်ရန်နှင့် အသိဗဟုသုတများ ရရှိစေရန်အတွက် ဗုဒ္ဓ၀င်ပြခန်းကိုလည်း ဖွင့်လှစ်ထားတာကို တွေ့ရှိရသည်။
ပုံများကိုကြည့်ရန်