တာချီလိတ်မြို့ သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက်၌ ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ကံထပ်မင်္ဂလာပွဲတော်အား ၅ ရက်တိုင်တိုင် ကျင်းပမည်

တာချီလိတ်မြို့ သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက်၌ ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ကံထပ်မင်္ဂလာပွဲတော်အား ၅ ရက်တိုင်တိုင် ကျင်းပမည်
မေ 8, 2014
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက်၌ ဥပ္ပါတသန္တိ ကျောင်းဆောင်သစ် ဖွင့်လှစ် ရေစက်ချပွဲနှင့် သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက် ပဓာန နာယက ဆရာတော် ဘဒ္ဒန္တနရိန္ဒ၏ ကံထပ်မင်္ဂလာအလှူတော်ကို ၂၀၁၄ခုနှစ် မေလ(၉)ရက်နေ့မှ မေလ(၁၃)ရက်နေ့ထိ (၅)ရက်တိုင်တိုင် အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။
( ကျောင်းဆောင်သစ်)

သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက်တွင် (၅)ရက်တိုင်တိုင် ကျင်းပပြုလုပ်မည့် ပွဲတော်ကာလအတွင်း၌ လာရောက်သူ ဧည့်ပရိတ်သတ်များ လေ့လာနိုင်ရန်နှင့် ကြည်ညိုသဒ္ဓါပွားနိုင်ရန်အတွက် ဗုဒ္ဓ၀င်ပြခန်းကိုလည်း ဖွင့်လှစ်ထားရှိပြီး၊ ပွဲဈေးတန်းများလဲ ဖွင့်လှစ်ထားကြောင်း သိရသည်။

( ဗုဒ္ဓ၀င်ပြခန်း )

( ၅ ရက်တိုင်တိုင် ပွဲတော် အစီအစဉ် )

သီရိမင်္ဂလာဆန်ဆိုင်းကျောင်းတိုက်တွင် ဆောက်လုပ်ပြီးစီးခဲ့သော သုံးထပ်ကျောင်းဆောင်သစ်ဖြစ်သည့် ဥပ္ပါတသန္တိ ကျောင်းဆောင်သစ်ကို မေလ(၁၂)ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာဖြင့် ဖဲကြိုးဖြတ် ဖွင့်လှစ်မည့် အခမ်းအနားကို ကျင်းပပြုလုပ်မှာဖြစ်ကြောင်းလည်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~