ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ Honorary Ph.D. နဂါးနှစ်ကောင်ဆရာတော် ဘုရားကြီး "ဘဒ္ဒန္တဓမ္မသီရိ" နှင့် ဆရာတော်ဘုရားကြီးများ၊ သံဃာတော် အရှင်သူမြတ်များအား ဦးထိပ်ပန်ဆင်၍ တာချီလိတ် ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များဖြင့် ရွှေတိဂုံစေတီရင်ပြင်တွင် ကျင်းပပြုလုပ်သော (၅)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပွဲကို စည်ကားသိုက်မြိုက်စွာဖြင့် ယနေ့ ၂၀၁၄ခုနှစ် မေလ(၁၃)ရက် ကဆုန်လပြည့်နေ့ နံနက် (၆း၄၅)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။
တာချီလိတ်ရွှေတိဂုံစေတီတော်ပေါ်တွင် မြို့လုံးကျွတ်ပါဝင်လာနိုင်ရေး နှင့် ညောင်ရေသွန်းလောင်းလှူပွဲ ဖြစ်မြောက်ရေးအတွက် ယနေ့ ကျင်းပပြုလုပ်သော တာချီလိတ်ရွှေတိဂုံစေတီမြတ်ကြီး၏ (၅)ကြိမ်မြောက် ညောင်ရေသွန်းလောင်းလှူပွဲတွင် တာချီလိတ်မြို့မကာဟိုခမ်းရပ်ကွက်နေ ဦးမောင်လေး (သုဓမ္မမဏိဇောတဓရ) + ဒေါ်နန်းကျိန် နှင့် တောင်ကြီးမြို့နေ (ဦးအောင်ညွှန့်)+ဒေါ်မြင့်မြင့်လှိုင် စသည့် နှစ်ဖက်မိဘများအား ဂါရ၀ရှေ့ထား၍ အဆွေတော်မီနီမတ်(ရတနာစံအိမ်တော်) နှင့် အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်းမှ ကုသိုလ်ယူ၍ လှူဒါန်းတာဖြစ်ကြောင်း သိရသည်။
ယခုနှစ်လိုပင် နောက်နှစ်တွင် ကျရောက်မည့် တာချီလိတ်ရွှေတိဂုံစေတီမြတ်ကြီး၏ ညောင်ရေသွန်းလောင်းလှူပွဲများကိုလည်း အဆွေတော်မီနီမတ်(ရတနာစံအိမ်တော်) နှင့် အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း ကဲ့သို့ပင် ကမကထပြုလုပ်၍ ကုသိုလ်ယူ လှူဒါန်းလိုသူများ အနေဖြင့် လှူဒါန်းလိုက လှူဒါန်းနိုင်ကြောင်းနှင့် ထိုသို့ လှူဒါန်းလိုပါက တာချီလိတ်ရွှေတိဂုံဂေါပကအဖွဲ့ထံ ဆက်သွယ်နိုင်ကြောင်း သိရသည်။
ယနေ့ ကျင်းပပြုလုပ်သော တာချီလိတ်ရွှေတိဂုံစေတီမြတ်ကြီး၏ (၅)ကြိမ်မြောက် ညောင်ရေသွန်းလောင်း လှူပွဲတွင် အဆွေတော်မီနီမတ်(ရတနာစံအိမ်တော်) နှင့် အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်းမှ တက်ရောက်လာကြသူများအား ကြက်ဆီထမင်းနှင့် အအေးများဖြင့် ဧည့်ခံပြီး တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော်၏ ကျောင်းသား၊ ကျောင်းသူ (၃၀၀)၀န်းကျင်တို့မှလည်း လာရောက်၍ ညောင်ရေသွန်းလောင်းလှူရာ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအား ခေါက်ဆွဲကြော်များဖြင့် ဒါနပြုပြီးနောက် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဓမ္မစကူးလ်ကျောင်းတော်သို့ အဆွေတော်မီနီမတ် (ရတနာစံအိမ်တော်) နှင့် အဆွေတော်မိသားစု (၂၄)နာရီ အထူးကုဆေးခန်း မိသားစုမှ တစ်သောင်းဘတ်၊ ရွှေငါး အိမ်ဆောက်ပစ္စည်းဆိုင်မှ တစ်သောင်းဘတ် နှင့် ဒေါ်နန်းမိမိထွေး မိသားစု (မယ်ဆိုင်မြို့)မှ သုံးထောင်ဘတ်တို့အား အသီးသီး လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်